သတင်း ကောလင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ သုံးဦးကျဆုံး စစ်ကောင်စီတပ်က တိုက်ပွဲ၌သေဆုံးခဲ့သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်ရုပ်အလောင်းများကို မြှုပ်နှံခဲ့ရာ ယနေ့(ဇူလိုင် ၁၄ရက်)၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း သုံးလောင်းတွေ့ရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ပဲမျိုးစုံ၊ပြောင်း၊နှမ်းနှင့်မြေပဲတို့ကိုနယ်စပ်မှပြည်ပတင်ပို့လျှင်ဒေါ်လာအရင်ရမှ စစ်ကောင်စီကလိုင်စင်ထုတ်ပေးမည်ဟုဆိုပြန် စစ်ကောင်စီနယ်စပ်ကုန်သွယ်မှုများကို ကျပ်ငွေနှင့်ဘတ်ငွေ၊ ကျပ်ငွေနှင့် တရုတ်ယွမ်တို့ဖြင့် ယမန့်နှစ်က ကုန်သွယ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာဖြင့်သာဆောင်ရွက်ရမည်ဟု ပြန်လည်ပြောင်းလဲခဲ့သည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ကလေးမြို့တွင် ယနေ့ည တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီး လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲ စစ်ကောင်စီကင်းစခန်းတစ်ခုက သေနတ်ဖြင့်ပစ်၍ အရပ်သားပြည်သူနှစ်ဦး သေနတ်ကျည်ထိမှန်ထားသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း အထိနာကာ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ် ကိုကော်ဘရာစစ်ကြောင်းထပ်မံကြားဖြတ်တိုက်ခိုက်၊ အရာရှိ အပါအဝင်စစ်သား၈ ဦးသေဆုံး ကော်ဘရာစစ်ကြောင်းအနေဖြင့် ဆုတ်ခွာ ထွက်ပြေးနေသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများအား နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိပြီး စစ်ကောင်စီ တပ်သားများအနေဖြင့် လက်နက်နှင့်တစ်ကွ ပူးပေါင်းလိုပါက Cobra Column Facebook Page အား ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ကောလင်းခရိုင်(ပကဖ)ကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ မနက်ဖြန်နောက်ဆုံးထားနှုတ်ထွက်ရန် ကြေညာ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးလျက်ရှိရာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ကျောက်ကြီးတွင် စစ်ကောင်စီတပ်ကို KNU၊PDF ပူးပေါင်းတပ်က မိုင်း ၁၀လုံးဖြင့်ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိ အဆိုပါ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း KNU-PDF ကျောက်ကြီး၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ပုလဲမြို့နယ် တောင်ရွာသစ်ရွာမှ အမျိုးသမီးသုံးဦးပါ အရပ်သားလေးဦးကို အကြမ်းဖက်စစ်အုပ်စု သတ်ဖြတ်သွား တောင်ရွာသစ်ကျေးရွာကို အကြမ်းဖက်သွားသည့် စစ်ကောင်စီတပ်သည် ပုလဲနယ်ကို ဖြတ်ပြီးနောက် ယခုအခါ မြိုင်မြို့နယ်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေသည်ဟု ပုလဲမြို့နယ်ဒေသခံများက သတိပေးသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း တန့်ဆည်နယ်၊ အင်္ကုက္ကားရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်များ လှည့်ကင်းထွက်လာချိန် စောင့်ကြိုတိုက်ခိုက်၊ သုံးဦးသေ လေးဦးဒဏ်ရာရ အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဇွန်လ ၁၄ ရက်ကလည်း တန့်ဆည် PDF နှင့် မဟာမိတ်အဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ကြေးနီများသယ်ယူသည့် ယာဥ်တန်းဖြတ်မည့်လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီကလုံခြုံရေးအပြည့်ယူထား၍ ပြည်သူများသတိထားရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေး ဝမ်ပေါင်ကုမ္မဏီမှ ကြေးနီများကို ၁၂ဘီးကား ၁၅စီးဖြင့် သယ်ယူရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ၂မိုင်ခန့်ရှည်သည့် ရွှေတောင်ဦးနှင့် ဝမ်ပေါင်လမ်းကို ယနေ့(ဇူလိုင် ၁၄ရက်)တွင် ပိတ်ဆို့ထားသည်ဟု ဒေသခံများကပြော သည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ဖားကန့်သပိတ်မှ ၈ ဦးစစ်ကောင်စီကဖမ်းဆီး၍ စစ်တပ်ဗျူဟာကုန်းစစ်ကြောရေးတွင်စစ်ဆေးနေ ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် နေ့စဥ် နံနက်ရော ညနေပါ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရသော သပိတ်စစ်ကြောင်းကို ယာယီ ရပ်နားထားရသည်။ LuduNwayOoဇူလိုင် 14, 2022