Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ် တောင်ရွာသစ်ရွာမှ အမျိုးသမီးသုံးဦးပါ အရပ်သားလေးဦးကို အကြမ်းဖက်စစ်​အုပ်စု သတ်ဖြတ်သွား

တောင်ရွာသစ်ကျေးရွာကို အကြမ်းဖက်သွားသည့် စစ်ကောင်စီတပ်သည် ပုလဲနယ်ကို ဖြတ်ပြီးနောက် ယခုအခါ မြိုင်မြို့နယ်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေသည်ဟု ပုလဲမြို့နယ်ဒေသခံများက သတိပေးသည်။

(​သေဆုံးခဲ့သည့် အမျိုးသမီးရုပ်အ​လောင်းများအား ​တွေ့ရစဥ်)
(​သေဆုံးခဲ့သည့် အမျိုးသမီးရုပ်အ​လောင်းများအား ​တွေ့ရစဥ်)

▪️ရွာသားအချို့လည်းပျောက်ဆုံးနေဟု ပြည်သူ့ကာ ကွယ်ရေးအဖွဲ့​ပြော

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တောင်ရွာသစ်ကျေးရွာမှ အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားပြည်သူလေးဦးကို အကြမ်းဖက်စစ်​ကောင်စီနှင့် ပျုစောထီးများက သတ်ဖြတ်သွားပြီး ရွာသားအချို့လည်းပျောက်ဆုံးနေ သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဓာတ်ပုံမှတ်တမ်းများဖြင့် ထုတ်ပြန်သည်။

စစ်​ကောင်စီတပ်နှင့် ပျုစောထီးများသည် တောင်ရွာသစ်ကျေးရွာကို ဇူလိုင် ၁၁ရက်က အကြမ်းဖက်ဝင်ရောက်ခဲ့ရာ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ၎င်းတို့ ပြန်ထွက်ခွာသွားပြီးနောက် ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ​ကျေးရွာကို ပြန်လာစဥ် အသတ်ခံထားရသည့် ရုပ်အလောင်းများကို တွေ့ရှိခြင်းဖြစ်သည်။

(​သေဆုံးခဲ့သည့် အမျိုးသမီးရုပ်အ​လောင်းများအား ​တွေ့ရစဥ်)
(​သေဆုံးခဲ့သည့် အမျိုးသမီးရုပ်အ​လောင်းများအား ​တွေ့ရစဥ်)

” ဦးခေါင်းတွေ၊ ဝမ်းဗိုက်တွေမှာ ဒဏ်ရာတွေနဲ့ အသတ်ခံထားရတာ။ အမျိုးသမီးသုံးယောက်ပါတယ်ဗျာ။ ရက်ရက်စက်စက်အသတ်ခံထားရတာပါ”ဟု ပုလဲမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ယနေ့(ဇူလိုင်၁၄ရက်) ပြောသည်။

Public Service Announcement
Public Service Announcement

“ပျောက်ဆုံးနေတဲ့ ရွာသားတွေလည်း ရှိနေသေးတယ်။ ကျွန်တော်တို့ အသေးစိတ် စုံစမ်းနေဆဲပဲ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

​ပြည်သူ့ကာကွယ်ရေးရဲဘော်များအား ထောက်ပံ့နေသူ များဟု ​ဒေသခံများအားစွပ်စွဲကာ သတ်ဖြတ်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

(​သေဆုံးခဲ့သည့် အမျိုးသမီးရုပ်အ​လောင်းများအား ​တွေ့ရစဥ်)
(​သေဆုံးခဲ့သည့် အမျိုးသမီးရုပ်အ​လောင်းများအား ​တွေ့ရစဥ်)

သေဆုံးသူ အမျိုးသမီးသုံးဦးမှာ အသက် ၄၅နှစ်ခန့်နှစ်ဦးနှင့် အသက် ၃၀ခန့် တစ်ဦးဖြစ်သည်။ထို့အပြင် ​အမျိုးသမီးများအား အဓမ္မပြုကျင့်သတ်ဖြတ်သွားကြောင်း ဒေသခံအချို့က ယူဆနေသော်လည်း ယင်းအချက်ကို အတည်မပြုနိုင်သေးကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တောင်ရွာသစ်ကျေးရွာကို အကြမ်းဖက်သွားသည့် စစ်ကောင်စီတပ်သည် ပုလဲနယ်ကို ဖြတ်ပြီးနောက် ယခုအခါ မြိုင်မြို့နယ်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေသည်ဟု ပုလဲမြို့နယ်ဒေသခံများက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook