Connect with us

Hi, what are you looking for?

သတင်း

ပဲမျိုးစုံ၊​ပြောင်း၊နှမ်းနှင့်​မြေပဲတို့ကိုနယ်စပ်မှပြည်ပတင်ပို့လျှင်​ဒေါ်လာအရင်ရ​မှ စစ်​ကောင်စီကလိုင်စင်ထုတ်​ပေးမည်ဟုဆိုပြန်

စစ်ကောင်စီနယ်စပ်ကုန်သွယ်မှုများကို ကျပ်ငွေနှင့်ဘတ်ငွေ၊ ကျပ်ငွေနှင့် တရုတ်ယွမ်တို့ဖြင့် ယမန့်နှစ်က ကုန်သွယ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာဖြင့်သာဆောင်ရွက်ရမည်ဟု ပြန်လည်​ပြောင်းလဲခဲ့သည်။

●စစ်​ကောင်စီက​ဒေါ်လာမရမည်စိုးရ ယခင်မရှိဖူး​သောမူမမှန်သည့်တင်းကြပ်မှုများပြုလုပ်​နေဟုလုပ်ငန်းရှင်​များပြော

ပဲမျိုးစုံ၊ ပြောင်း၊နှမ်းနှင့်မြေပဲဆံများကိုနယ်စပ်ကုန်သွယ်ရေးမှ ပြည်ပတင်ပို့ရာတွင် ပို့ကုန်ဒေါ်လာများ ကြိုတင်ရရှိပြီးမှာသာ ပို့ကုန်လိုင်စင်ထုတ်ပေး​တော့မည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနကယနေ့ (ဇူလိုင် ၁၄ ရက်)ထုတ်ပြန်သည်။

စိုက်ပျိုးရေး ပို့ကုန်များကို ပြည်ပတင်ပို့ရာတွင်အမေရိကန်ဒေါ်လာဖြင့်သာဆောင်ရွက်ရမည်ဖြစ်ပြီးတင်ပို့ရာတွင်လည်းကြိုတင်ငွေလွဲစနစ်ဖြင့်သာ ကုန်ပစ္စည်းတင်ပို့ရမည်ဟု စစ်ကောင်စီကဆိုသည်။

ပြည်တွင်းသို့ ငွေလွဲဝင်ရောက်ပြီးကြောင်းဘဏ်အထောက်အထားပြမှသာ ပို့ကုန်ကြေညာလွှာဖွင့်လှစ်ပြီးတင်ပို့ခွင့်လိုင်စင်ပေးမည်ဟု စစ်ကောင်စီက အကျပ်ကိုင်လိုက်ခြင်းဖြစ်သည်။

ပဲမျိုးစုံ၊​ပြောင်း၊နှမ်းနှင့်​မြေပဲတို့ကိုနယ်စပ်မှပြည်ပတင်ပို့လျှင်​ဒေါ်လာအရင်ရ​မှ စစ်​ကောင်စီကလိုင်စင်ထုတ်​ပေးမည်ဟုဆိုပြန်
ပဲမျိုးစုံ၊​ပြောင်း၊နှမ်းနှင့်​မြေပဲတို့ကိုနယ်စပ်မှပြည်ပတင်ပို့လျှင်​ဒေါ်လာအရင်ရ​မှ စစ်​ကောင်စီကလိုင်စင်ထုတ်​ပေးမည်ဟုဆိုပြန်

“ပစ္စည်းမပို့ခင်ဒေါ်လာကို ဘဏ်ထဲ အရင်ပို့ရမယ်။ ဒါမှာပို့ကုန်လိုင်စင်ထုတ်ပေးမှာ။ ပို့ဖြစ်မပို့ဖြစ်ကတော့ လုပ်ငန်းရှင်ကခံရမယ်သဘောဘဲ။ ”ဟု ပို့ကုန်လုပ်ငန်းရှင်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ပို့ကုန်များမှ ဒေါ်လာမရမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့တစ်ခါမျှမရှိဖူး​သော မူမမှန်သည့် စည်းကမ်းများ ထုတ်နေခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပဲမျိုးစုံ​ ၊ပြောင်း၊နှမ်းနှင့်​မြေပဲတို့မှာ ပြည်တွင်းမှ အဓိကတင်ပို့​​စိုက်ပျိုး​ရေးထွက်ကုန်များဖြစ်သည်။ မြန်မာ့စိုက်ပျိုး​ရေးထွက်ကုန်အများစုသည် ဝယ်ယူသူနိုင်ငံကိုဦးစား​ပေးရ​သောဝယ်သူ​ဈေးကွက်ဖြစ်ပြီး ၊အာဏာသိမ်းစစ်​ကောင်စီက ပို့ကုန်လုပ်ငန်းများအဆင်​​ပြေ​အောင်​ဖြေ​လျှော့ ကူညီ​ပေးရ
မည့်အစား ပို့ကုန်လုပ်ငန်းများကို ပိုမိုအခက်​တွေ့​အောင်တင်းကြပ်​နေခြင်းဖြစ်​ကြောင်းလုပ်ငန်းရှင်အချို့က​​ပြောသည်။

စစ်ကောင်စီနယ်စပ်ကုန်သွယ်မှုများကို ကျပ်ငွေနှင့်ဘတ်ငွေ၊ ကျပ်ငွေနှင့် တရုတ်ယွမ်တို့ဖြင့် ယမန့်နှစ်က ကုန်သွယ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာဖြင့်သာဆောင်ရွက်ရမည်ဟု ပြန်လည်​ပြောင်းလဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။