သတင်း ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန် ကိုဝင်းမိုးဇော်(ခ)အဝင်းလေးသည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ ကတိုးရွာအနီးတွင် စစ်ကောင်စီတပ်၏ ကင်းပုန်းနှင့် ထိပ်တိုက်တိုးပြီး မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လူနေအိမ်များအတွင်း လက်နက်ကြီးများတပ်ဆင်ပြီး အရပ်သားများကို လူသားတံတိုင်းပြုလုပ်ထားဟု ဒေသခံများပြော မိုးမိတ်ဒေသတွင် တိုက်ပွဲများပြင်းထန်လာနိုင်သည့် အခြေအနေကြောင့် မြို့ခံအချို့မှာ အခြားဒေသများသို့ သွားရောက်တိမ်းရှောင်နေကြသည်ဟု သိရသည်။ နေအိမ်များအတွင်း ဗုံးခိုကျင်းများလည်း တူးထားကြသည်ဟုလည်း ဒေသခံများက ပြောသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း မုံရွာ – အမြင့်လမ်းပိုင်းအား ယနေ့နံနက်မှစ၍ ခေတ္တပိတ်ထား ယနေ့ (ဇူလိုင်၁၁ရက်) နံနက် ၈နာရီ၄၅ မိနစ်အချိန်မှစတင်၍ မုံရွာ - အမြင့်လမ်းပိုင်းအား အရေးကြီးကိစ္စ မှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြည်သူများအား အသိပေးထားသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ရွာငံ-ပင်းတယလမ်းတွင်စစ်ကောင်စီခန့်မြို့နယ်အုပ်ချုပ်ရေးမှူးပါစစ်ကားတန်းကိုမိုင်းဆွဲတိုက်ခိုက် သေဆုံးထိခိုက်မှုများနိုင်ဟု ကျောက်ဆည်နဂါးနီပျောပ်ကြားတပ်ဖွဲ့ထုတ်ပြန် သေဆုံးမှုအခြေအနေများအား မြေပြင်ရဲဘော်များနှင့် ဖရဲသီး(စစ်ကောင်စီ၏ သတင်းများပြန်လည်ပေးပို့နေသူ)များ၏ ပေးပို့ချက်အရ သိရှိရသည်ဟု ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က ပြောသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း မန္တလေး MUFLကျောင်းတပ်စွဲထားသော စစ်ကောင်စီတပ် ဗုံးပစ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးရှိနိုင် အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများနိုင်ပြီး တက္ကသိုလ်ဝန်းအတွင်းသို့ အရေးပေါ်လူနာ တင်ကားအချို့ ဝင်ထွက်သွားလာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း CDM ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမည့်အချိန်နှင့် အတန်းကူးပြောင်းပေးမည့်အချိန် ဂန့်ဂေါ ပညာရေးဘုတ်အဖွဲ့ အသိပေး တက္ကသိုလ်ဝင်တန်းမှလွဲပြီး အခြားသောအတန်းများအားလုံးမှ ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်အရည်အချင်းပြည့်မီပါက ယခုနှစ် အောက်တိုဘာလ တွင် အတန်းကူးပြောင်းပေးမည် ဖြစ်ကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ချင်းတွင်းမြစ်ဆိပ်ကမ်း စက်သုံးဆီတွဲမီးလောင်ကျွမ်းမှုမိုးရွာပြီး ည ၁၁ နာရီတွင်မှ အပြီးငြိမ်း ဆီပေပါပေါင်းများစွာမီးလောင်ကျွမ်းခြင်းဖြစ်၍ မီးခိုးလုံးကြီးကို မြို့နေရာအနှံမှမြင်တွေ့ရပြီး ။ မုံရွာမြို့ခံ ပြည်သူများက မြို့သို့မီးကူးစက်လောင်ကျွမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း မြိုင်မြို့နယ်အနောက်ပိုင်းရှိ ဒေသခံများ၏ရေနံတွင်းများကို စစ်ကောင်စီတပ် သုံးရက်ဆက် မီးရှို့ဖျက်ဆီး စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းတွင် မြိုင်နယ်အတွင်း၌ စစ်ကြောင်းထိုး အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDF များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ပျူတစ်ဦးအားရှင်းလင်းစဥ် မတော်တဆကျည်ထိမှန်ကလေးငယ်တစ်ဦးကွယ်လွန်ခဲ့ခြင်းအပေါ် လောင်းလုံး (ပကဖ) ဝန်ချတောင်းပန် "စစ်ကောင်စီထောက်တိုင်ကိုဖြုတ်ဖို့ အသက်နဲ့ရင်းပြီး mission လုပ်ခဲ့တဲ့ ရဲဘော်တို့ကို တာဝန်ယူမှု တာဝန်ခံမှုအတွက် LLPDF အနေနဲ့ လုပ်စရာရှိတာကို လုပ်နေကြပါတယ်"ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ဖယ်ခုံရဲစခန်းနှင့် ထွေအုပ်ရိပ်သာကို RPG၊ (၇၉)မမ လက်နက်တို့နှင့် ပစ်ခတ်သတိပေးခဲ့ဟု ဖယ်ခုံ PDF ထုတ်ပြန် ယနေ့ (ဇူလိုင် ၁၀ရက်) နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။ LuduNwayOoဇူလိုင် 10, 2022