Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်အနောက်ပိုင်းရှိ ဒေသခံများ၏ရေနံတွင်းများကို စစ်ကောင်စီတပ် သုံးရက်ဆက် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းတွင် မြိုင်နယ်အတွင်း၌ စစ်ကြောင်းထိုး အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDF များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

(ကျောက်ခွက်ကျေးရွာအနီး ရေနံတွင်းများ မီးလောင်ကျွမ်းနေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - We Love Myaing)
(ကျောက်ခွက်ကျေးရွာအနီး ရေနံတွင်းများ မီးလောင်ကျွမ်းနေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - We Love Myaing)

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ကျေးရွာအနီးရှိ ဒေသခံပြည်သူများ၏ ရေနံတွင်းများကို အကြမ်းဖက်စစ်ကောင်စီတပ်က သုံးရက်ဆက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၇ ရက်က မြိုင်နယ်တောင်ပိုင်းမှ စစ်ကြောင်းထိုးလာကာ ကျောက်ခွက်ရွာကို ရောက်ရှိလာပြီးနောက် တပ်စွဲခဲ့ကြောင်း၊ ထို့နောက် ကျောက်ခွက်ရွာအနီးရှိ ဒေသခံများ၏ ရေနံကျင်းများကို လိုက်လံမီးရှို့ဖျက်ဆီးခဲ့ကာ ယမန်နေ့နှင့် ယနေ့ညနေ ၅နာရီခန့်ကလည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

“ကျောက်ခွက်ရွာဆိုတာက မြိုင်နယ်နဲ့ ပေါက်နယ်အစပ်မှာရှိပြီး ရွာပတ်ပတ်လည်မှာ ရေနံကျင်းတွေ ရှိနေတာပါ။ ဘယ်လောက်ကုန်သွားပြီဆိုတာက အတိအကျပြောလို့မရသေးဘူး။ ဆုံးရှုံးမှုတန်ဖိုးကတော့ များတယ်လို့ပြောရမှာပေါ့။ ပေတစ်ထောင်ကျော်နက်တဲ့ ရေနံကျင်းတွေဆိုရင် အရင်းအနှီးက သိန်းရာကျော် အနည်းဆုံးကုန်တာ။”ဟု မြိုင်နယ်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းတွင် မြိုင်နယ်အတွင်း၌ စစ်ကြောင်းထိုး အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDF များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ရေနံတွင်းများ မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ We Love Myaing အဖွဲ့ တာဝန်ရှိသူက “မြိုင်နယ်ထဲမှာ ရွာပေါင်း ၃၃၀ရှိတဲ့အထဲမှာ စစ်ကောင်စီကို မထောက်ခံတဲ့ရွာတွေက များတယ်ဗျ။ အဲဒီတော့ မြိုင်နယ်မှာ တော်လှန်ရေးအားကောင်းတယ်။ အဲဒါကြောင့် စစ်ကောင်စီက မြိုင်နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး သူတို့ကိုမထောက်ခံတဲ့သူတွေကို PDF ထောက်ပံ့သူလို့ မတရားစွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူပိုင်ပစ္စည်းတွေကို မတရားဖျက်ဆီးနေတာပေါ့။ သူတို့ကိုကြောက်ပြီး မတော်လှန်ရဲအောင် ပြည်သူကို အကြောက်တရားရအောင် လုပ်ပြနေတာလို့ပဲမြင်တယ်ဗျ။”ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၈ရက် နံနက်ပိုင်းကလည်း ကျောက်ခွက်ရွာအနောက်ပိုင်းရှိ ဒေသခံပြည်သူများ၏ နေအိမ် ခုနှစ်လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။