Connect with us

Hi, what are you looking for?

သတင်း

CDM ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမည့်အချိန်နှင့် အတန်းကူးပြောင်းပေးမည့်အချိန် ဂန့်ဂေါ ပညာရေးဘုတ်အဖွဲ့ အသိပေး

တက္ကသိုလ်ဝင်တန်းမှလွဲပြီး အခြားသောအတန်းများအားလုံးမှ ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်အရည်အချင်းပြည့်မီပါက ယခုနှစ် အောက်တိုဘာလ တွင် အတန်းကူးပြောင်းပေးမည် ဖြစ်ကြောင်း အသိပေးထားသည်။

ဂန့်ဂေါ ပညာရေးဘုတ်အဖွဲ့
ဂန့်ဂေါ ပညာရေးဘုတ်အဖွဲ့

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီ ကျောင်းများ ၌ တက်ရောက်သင်ကြားခြင်းမရှိသော CDM ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခြင်းကို ၂၀၂၃ ဖေဖော်ဝါရီတွင် ပြုလုပ်သွားမည်ဟု ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့(ယာယီ)က ထုတ်ပြန်သည်။

ဇူလိုင် ၉ရက်​နေ့စွဲဖြင့်ထုတ်ပြန်သည့် ယင်းကြေညာ ချက်၌ အခြေခံပညာ န၀မတန်း စနစ်ဟောင်းတက်ရောက်ဖူးပြီး ၂၀၂၂ ဩဂုတ် ၃၁ရက်၌ အသက် ၁၇နှစ် ပြည့်ပြီးသူများသည် လာမည့်နှစ် ဖေဖော်ဝါရီတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည်ဖြစ်သည်ဟု ဆို သည်။ ၂၀၂၃ ဩဂုတ်တွင် ဒုတိယအကြိမ် စာမေးပွဲရှိသည်ဟုလည်း အသိပေးထားသည်။

ဖြေဆိုချိန် ၂နာရီသတ်မှတ်ထားပြီး ဓမ္မဓိဌာန် မေးခွန်းအမျိုးအစားများ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထား သည်။

တက္ကသိုလ်ဝင်တန်းမှလွဲပြီး အခြားသောအတန်းများအားလုံးမှ ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်အရည်အချင်းပြည့်မီပါက ယခုနှစ် အောက်တိုဘာလ တွင် အတန်းကူးပြောင်းပေးမည် ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးနှင့် သက်ဆိုင်သော အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသောသို့မဟုတ် စာမေးပွဲ ဖြေဆိုနိုင်ခြင်း မရှိသော ကျောင်းသား၊ကျောင်းသူများအတွက် သင့်လျော်မည့် ကြားကာလ သို့မဟုတ် တော်လှန်ရေးအလွန်ကာလ အထူးပညာသင်ကြားရေးနှင့် စစ်ဆေး အကဲဖြတ် အသိအမှတ်ပြုရေး၊ အစီအစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရမှ သီးသန့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook