Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – အမြင့်လမ်းပိုင်းအား ယနေ့နံနက်မှစ၍ ခေတ္တပိတ်ထား

ယနေ့ (ဇူလိုင်၁၁ရက်) နံနက် ၈နာရီ၄၅ မိနစ်အချိန်မှစတင်၍ မုံရွာ – အမြင့်လမ်းပိုင်းအား အရေးကြီးကိစ္စ မှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြည်သူများအား အသိပေးထားသည်။

မုံရွာ
မုံရွာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ – အမြင့်လမ်းပိုင်းအား ယနေ့နံနက်မှစ၍ ခေတ္တပိတ်ထားကြောင်း အဆိုပါလမ်းပိုင်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန် သည်။

ယနေ့ (ဇူလိုင်၁၁ရက်) နံနက် ၈နာရီ၄၅ မိနစ်အချိန်မှစတင်၍ မုံရွာ – အမြင့်လမ်းပိုင်းအား အရေးကြီးကိစ္စ မှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြည်သူများအား အသိပေးထားသည်။

ထို့အပြင် ဖြတ်သန်းသွားလာသည့်ယာဥ်များအားလုံး မှန်ချမောင်းနှင်ပေးကြရန်နှင့် မှန်မချဘဲ ဖြတ်သန်းသွားလာပါက ဖြစ်သမျှကိစ္စအဝဝအား တာဝန်ယူဖြရှင်းပေးမည်မဟုတ်ပါကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စကားကိုကိုးကားပြီး မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက သတိပေးသည်။

မုံရွာ – အမြင့်လမ်း၊ မုံရွာ – အရာတော်လမ်း၊ မုံရွာ – မန္တလေးလမ်းပိုင်းများတွင် စစ်​ကောင်စီတပ်ယာဥ်များဖြတ်သန်းသွားမည့်ရက်များတွင် လမ်းပိုင်းခေတ္တပိတ်ထားလေ့ရှိပြီး အဆိုပါယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

အဆိုပါထိတွေ့တိုက်ပွဲအတွင်း ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရယ်မရှိ တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။