Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – အမြင့်လမ်းပိုင်းအား ယနေ့နံနက်မှစ၍ ခေတ္တပိတ်ထား

ယနေ့ (ဇူလိုင်၁၁ရက်) နံနက် ၈နာရီ၄၅ မိနစ်အချိန်မှစတင်၍ မုံရွာ – အမြင့်လမ်းပိုင်းအား အရေးကြီးကိစ္စ မှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြည်သူများအား အသိပေးထားသည်။

မုံရွာ
မုံရွာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ – အမြင့်လမ်းပိုင်းအား ယနေ့နံနက်မှစ၍ ခေတ္တပိတ်ထားကြောင်း အဆိုပါလမ်းပိုင်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန် သည်။

ယနေ့ (ဇူလိုင်၁၁ရက်) နံနက် ၈နာရီ၄၅ မိနစ်အချိန်မှစတင်၍ မုံရွာ – အမြင့်လမ်းပိုင်းအား အရေးကြီးကိစ္စ မှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြည်သူများအား အသိပေးထားသည်။

ထို့အပြင် ဖြတ်သန်းသွားလာသည့်ယာဥ်များအားလုံး မှန်ချမောင်းနှင်ပေးကြရန်နှင့် မှန်မချဘဲ ဖြတ်သန်းသွားလာပါက ဖြစ်သမျှကိစ္စအဝဝအား တာဝန်ယူဖြရှင်းပေးမည်မဟုတ်ပါကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စကားကိုကိုးကားပြီး မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက သတိပေးသည်။

မုံရွာ – အမြင့်လမ်း၊ မုံရွာ – အရာတော်လမ်း၊ မုံရွာ – မန္တလေးလမ်းပိုင်းများတွင် စစ်​ကောင်စီတပ်ယာဥ်များဖြတ်သန်းသွားမည့်ရက်များတွင် လမ်းပိုင်းခေတ္တပိတ်ထားလေ့ရှိပြီး အဆိုပါယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။