သတင်း ချင်း – မကွေးနယ်စပ် မင်းတပ်နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ရမ်းပစ်၊ မင်းတပ်ကိုဦးတည်ပြီး စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားနေ ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း လောင်းလုံးမြို့နယ်တွင် ဒလန်ဆိုသူအားရှင်းလင်းစဥ် ကလေးငယ်တစ်ဦးတင်ပါးကျည်ထိမှန်၍ ကွယ်လွန် လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနေ စစ်ကောင်စီသတင်းပေးဆိုသူ ဦးကျော်ဟိန်းအား ယမန် နေ့(ဇူလိုင် ၉ ရက်) ည၁၁နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ရေဦးနယ်ရှိ (ပကဖ)စခန်းငယ်တစ်ကို စစ်ကောင်စီတပ် ရဟတ်ယာဥ်ငါးစီးအသုံးပြုတိုက်ခိုက် စခန်းစီးနင်းခံရသည့် ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရေဦး(ပကဖ)တို့ ကမ်းဖြူရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး ရှိခဲ့သည်ဟု ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ဆေးဝါးနှင့် ကျန်းမာရေးဝန်ဆောင်မှုရှားပါးခြင်းတို့ကြောင့် ကရင်နီဒေသစစ်ရှောင်များ သေဆုံးမှုနှင့် ကလေးငယ်များ ဖျားနာမှုများနေ မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲဒေသရှိ စစ်ရှောင်များအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများကကူညီသည့် ထောက်ပံ့ကူညီမှုများမရရှိကြောင်း ၎င်းက ဆိုသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း အမြန်လမ်း၌ ရွှေလရောင်ခရီးသည်ယာဉ် တံတားဘေးချောက်အတွင်း ထိုးကျ၊ ခရီးသည်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသူ ခရီးသည် ၁၁ဦးအနက် တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း မုံရွာ၊ ချင်းတွင်းမြစ်ဇက်ဆိပ်တွင် စက်သုံးဆီတင်စက်လှေမီးလောင်ကျွမ်းနေ ယနေ့(ဇူလိုင်လ၁၀ရက်)နံနက် ၀၉း၁၅ အချိန်ခန့်ကစတင်ကာ ဆီတင်ဖလက်ယာဥ်ကြီး(စက်လှေ)တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဥ်များဖြင့် ငြှိမ်းသတ်နေသော်လည်း နံနက် ၁ဝး၅၀ အချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ခန္တီးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ရက်အတွင်းနှုတ်ထွက်ရန် ခရိုင်(ပကခ) သတိပေး အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဇူလိုင်၉ရက်)တွင် ခန္တီးခရိုင်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ကနီတွင် စစ်ကောင်စီသတ်ဖြတ်ခဲ့သော ပြည်သူ ၁၆ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ် အဆိုပါကြွေလွင့်သွားသော ပြည်သူ ၁၆ ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် နှင့်အတူ ကျင်းပခဲ့ပြီး ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ဒေသခံ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ကန်နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းခရီးစဉ်အတွင်း မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကို ထည့်သွင်းဆွေးနွေးမည် ခရီးစဉ်အတွင်း ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် သည် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မြန်မာပြည်သူများအရေးကို ထည့်သွင်းဆွေးနွေး မည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ အကြမ်းဖက်နေသာ ရှမ်းနီတပ်ဖွဲ့ထံ BGFက လက်နက်ပို့ပေးနေ ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်းများပြုလုပ်သောမည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အကြမ်းဖက် စစ်ကောင်စီနှင့်တစ်တန်းတည်သတ်မှတ်၍ ပြည်သူ့ဆန္ဒအတိုင်းဆောင်ရွက်သွားမည်ဟု ဗန်းမောက် ပကဖ ကထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 10, 2022