Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်ဆိပ်ကမ်း စက်သုံးဆီတွဲမီး​လောင်ကျွမ်းမှုမိုးရွာပြီး ည ၁၁ နာရီတွင်မှ အပြီးငြိမ်း

ဆီ​ပေပါ​ပေါင်းများစွာမီး​လောင်ကျွမ်းခြင်းဖြစ်၍ မီးခိုးလုံးကြီးကို မြို့​နေရာအနှံမှမြင်​​တွေ့ရပြီး ။ မုံရွာမြို့ခံ ပြည်သူများက မြို့သို့မီးကူးစက်​လောင်ကျွမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။

အရှိန်ပြင်းစွာမီး​လောင်ကျွမ်း​နေစဥ် ။ ဓါတ်ပုံ-သုခဟိတနာ​​ရေးကူညီမှုအသင်း
အရှိန်ပြင်းစွာမီး​လောင်ကျွမ်း​နေစဥ် ။ ဓါတ်ပုံ-သုခဟိတနာ​​ရေးကူညီမှုအသင်း

●​ထောက်ပို့အတွက်စစ်​တပ်ပိုင်စက်သုံးဆီများဟု​ဒေသခံအချို့​ပြောသလို၊ ပုဂ္ဂလိကပိုင်ဆီများဟုအချို့လည်း​ပြော​နေ

မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင်ယ​နေ့နံနက်ကစတင်​လောင်ကျွမ်းခဲ့​သောစက်သုံးဆီတင်​တွဲမီးလောင်ကျွမ်းမှုကို ​နေခင်းပိုင်းအထိ့မီးမထိန်းနိုင်၍ မြစ်လယ်အတိုင်း​မျှောလိုက်ရာ ယ​နေည ၁၁ နာရီတွင်မှ ဆားလင်းကြီးမြို့နယ် လက်ပ​တောင်း​တောင်အနီးမြစ်တစ်​နေရာတွင် မိုးရွာသွန်းပြီး​နောက်ငြိမ်းသွား​ကြောင်း မုံရွာသတင်းမှန်ပြန်ကြား​ရေးက​သတင်းထုတ်ပြန်သည်။

​ရေ​ပေါ်တွင်အရှိန်ပြင်းစွာ​လောသ်ကျွမ်းစဥ်။ ဓါတ်ပုံ-​လေလွှင့်သူ
​ရေ​ပေါ်တွင်အရှိန်ပြင်းစွာ​လောသ်ကျွမ်းစဥ်။ ဓါတ်ပုံ-​လေလွှင့်သူ

ဆီပေပါအလုံး ၁၀၀၀ ကျော်ပါ ဖလက်တစ်စီး(ဆီတင်တွဲကြီး) မီး​လောင်းကျွမ်းမှုကို စစ်​ကောင်စီ၏မီးသတ်တပ်ဖွဲ့ကငြှိမ်းသတ်ရန်ကြိုးစား​သော်လည်း မထိန်းနိုင်ဘဲ ​​​မွန်းလွှဲပိုင်းတွင် ချင်းတွင်မြစ်လယ်မှအောက်သို့​မျှောလိုက်သည်။ ​

မျှောချလိုက်ပြီး​နောက်ည​နေပိုင်းတွင်မီးငြိမ်းသွားရာမှည ၉ နာရီ ၅၀ မိနစ်တွင် ဆားလင်းကြီးမြို့နယ် ၊လက်ပံတောင်းတောင်အနီးမြစ်ထဲ တနေရာမှာ ဆက်လက် မီးအားကောင်းစွာ လောင်ကျွမ်းခဲ့ကြောင်း မုံရွာသတင်းမှန်ပြန်ကြား​ရေးကသတင်းဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြသည်။

မီး​ကိုထိန်းမရ​သောအခါဆီတင်တွဲကိုမြစ်လယ်မှ​အောက်သို့​မျှောချခဲ့သည်။ ။ဓါတ်ပုံ-​​​လေလွင့်သူ
မီး​ကိုထိန်းမရ​သောအခါဆီတင်တွဲကိုမြစ်လယ်မှ​အောက်သို့​မျှောချခဲ့သည်။ ။ဓါတ်ပုံ-​​​လေလွင့်သူ

“၁၁ နာရီ(ဇူလိုင် ၁၀ ) အချိန်မှာ မီးများ ငြိမ်းသွားပြီး မိုးများလည်း ရွာလျှက်ရှိတယိလို့ သတင်းရရှိပါတယ်” ဟုမုံရွာမြို့နယ်သတင်းမှန်ပြန်ကြား​ရေးကဆက်လက်အသိ​ပေးသည်။

Public Service Announcement

Public Service Announcement

စက်သုံးဆီများဖြစ်၍ မီး​လောင်အားအလွန်​ကောင်းခဲ့သည်။ ဓါတိပုံ-​​​လေလွင့်သူ
စက်သုံးဆီများဖြစ်၍ မီး​လောင်အားအလွန်​ကောင်းခဲ့သည်။ ဓါတိပုံ-​​​လေလွင့်သူ

မီးစတင်​လောင်ကျွမ်းသည့်အ​ကြောင်။အရင်းကို ​​ဒေသခံအချို့နှင့် မီဒီယာအချို့က 929 ဆပ်ကမ်းတွင်ဆီတင်တွဲနှစ်စီးဆီတင်ရာမှ မီးစတင်​လောင်ကျွမ်းပြီး ပုဂ္ဂလိကပိုင်စက်သုံးဆီတင်ဖလက်များဟု​​ပြောဆို​ရေးသားကြသည်။သို့​သော် ​ဒေသခံအချို့က အဆိုပါစက်သုံးဆီများမှာ စစ်​ကောင်စီတပ်အတွက် ​ထောက်ပို့ရန် စက်သုံးဆီများဖြစ်​ကြောင်း​ပြောသည်။မြို့ပြပြောက်ကျားနှင့်PDF များကို စစ်​ကောင်စီတပ်က​သေနတ်ဖြင့်လိုက်လံပစ်ခတ်ရင်းမီးစတင်​လောင်ကျွမ်းသည်ဟုကြားသိရ​ကြောင်းလည်း​ဒေသခံတစ်ဦးကလည်း​ပြောသည်။

မီး​ကိုထိန်းမရ​သောအခါဆီတင်တွဲကိုမြစ်လယ်မှ​အောက်သို့​မျှောချခဲ့သည်။ ။ဓါတ်ပုံ-​​​လေလွင့်သူ
မီး​ကိုထိန်းမရ​သောအခါဆီတင်တွဲကိုမြစ်လယ်မှ​အောက်သို့​မျှောချခဲ့သည်။ ။ဓါတ်ပုံ-​​​လေလွင့်သူ

မီးစတင်​လောင်ကျွမ်းသည့်အ​ကြောင်းအရင်းနှင့်စစ်​ကောင်စီ၏ စက်သုံးဆီများဟုတ်၊ မဟုတ်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

သို့​သော်ယ​နေ့ မုံရွာဆိပ်ကမ်းတွင်ဆီတင်တွဲ မီး​လောင်ကျွမ်း​နေစဥ် အရပ်ဝတ်ဖြင့် လူမိုက်ပုံစံ အမျိုးသားအချို့က မီး​လောင်သည်ကို လာ​​ရောက်အကဲခပ်​နေသည်ကိုတွေ့ရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။ အချို့မှာတုတ်၊ ဓါးများပါသည်ကို​တွေ့ရ​ကြောင်းလည်း​ဒေသခံတစ်ဦးက​ပြောသည်။

လက်ပ​တောင်း​တောင်အနီး ချင်းတွင်းမြစ်လယ်တစ်​နေရာတွင် ဇွန် ၁၀ ည ၁၀ နာရီဝန်းကျင်တွင်မီးပြန်​လောင်​နေစဥ်။ ဓါတ်ပုံ-မုံရွာမြို့သတင်းမှန်ပြန်ကြား​ရေး
လက်ပ​တောင်း​တောင်အနီး ချင်းတွင်းမြစ်လယ်တစ်​နေရာတွင် ဇွန် ၁၀ ည ၁၀ နာရီဝန်းကျင်တွင်မီးပြန်​လောင်​နေစဥ်။ ဓါတ်ပုံ-မုံရွာမြို့သတင်းမှန်ပြန်ကြား​ရေး

ဆီ​ပေပါ​ပေါင်းများစွာမီး​လောင်ကျွမ်းခြင်းဖြစ်၍ မီးခိုးလုံးကြီးကို မြို့​နေရာအနှံမှမြင်​​တွေ့ရပြီး ။ မုံရွာမြို့ခံ ပြည်သူများက မြို့သို့မီးကူးစက်​လောင်ကျွမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။

ဓါတ်ပုံ-​လေလွှင့်သူ၊သုခဟိတနာ​​ရေးကူညီမှုအသင်း ၊မုံရွာမြို့သတင်းမှန်ပြန်ကြား​ရေး

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီဈေး ၃ပတ်ဆက်တိုက်မြင့်တက်လာပြီး ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅,၀၀၀ ကျော်လာပြီလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။