Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင်စစ်​ကောင်စီတပ်က ​ရွာတစ်ရွာကိုဖျက်ဆီးစဥ်ခုခံကာကွယ်​​ပေး​သော​ချောင်းဦးPDFမှရဲ​ဘော်တစ်ဦးကျဆုံး

ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ကဝန်ခံကတိပြုခဲ့ကြသည်။

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းသို့ စစ်​ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးမှုကို ကာကွယ်ခဲ့သည့်ချောင်းဦးPDF အဖွဲ့ကရဲဘော်တစ်ဦးလက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့သည်။

ဇွန်လ၁၈ရက်နေ့နံနက်ပိုင်းကအကြမ်းဖက်စစ်ကောင်စီတပ်များသည် ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာသို့ ဝင်ရောက်စီးနင်းဖျက်ဆီးချိန် PDF ရဲဘော်များကကာကွယ်ချိန် တပ်ခွဲ (၃) မှ ရဲဘော် တိုးနိုင်ဝင်းသည် လက်နက်ကြီးထိမှန်ပြီး နိုင်ငံတော်အတွက်အသက်ပေးလှူ၍ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်းချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင်နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ကျွန်ုပ်တို့ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရကြောင်း ချောင်းဦး PDF ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ရေးသားထားသည်။

ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ကဝန်ခံကတိပြုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ချောင်းဦးမြို့နယ်သည်တော်လှန်ရေးအားကောင်းရာမုံရွာ၊ မြင်းမူ၊ မြောင်၊ ​မကွေးတိုင်းရေစကြိုအစရှိသည့်မြို့နယ်များနှင့်နယ်ချင်းဆက်နေပြီးတော်လှန်ရေးအစောပိုင်းကာလကတည်းကအကြမ်းဖက်စစ်တပ်အားခုခံတော်လှန်နေသည့် ဒေသတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook