Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်အားရာနှင့်ချီ ချီတက်ဆန္ဒပြခဲ့သည့် မြင်းမူနယ် ကျေးရွာလူထုသပိတ်

ဆန္ဒပြပြည်သူများက “အာဏာရှင်တွေ ကြောက်တဲ့ ရဲရဲတောက် ပြည်သူလူထု”ဆိုသည့် စာသားပါ ဗီနိုင်း ကိုင်ဆောင်၍ အကြမ်းဖက်ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ချေမှုန်းရေး လူထုကြွေးကြော်သံများဖြင့်ချီတက်သပိတ်မှောက်ခဲ့သည်။

ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ
ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ

▪️ဒေသခံ PDFများက ဆန္ဒပြည်သူများ၏ လုံခြုံရေး ဝန်းရံပေးခဲ့

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် ယနေ့ (ဇွန်လ ၂၀) ညနေပိုင်း၌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူအင်အားထောင်နှင့်ချီ၍ ကျေးရွာလူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ
ဓာတ်ပုံ – အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ

ဆန္ဒပြပြည်သူများက “အာဏာရှင်တွေ ကြောက်တဲ့ ရဲရဲတောက် ပြည်သူလူထု”ဆိုသည့် စာသားပါ ဗီနိုင်း ကိုင်ဆောင်၍ အကြမ်းဖက်ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ချေမှုန်းရေး လူထုကြွေးကြော်သံများဖြင့်ချီတက်သပိတ်မှောက်ခဲ့သည်။

ယင်းသပိတ်တွင် ရွာပင်မသပိတ်ကော်မတီ အဖွဲ့ဝင်များ၊ အရာတော်မြို့နယ်လူထုသပိတ် ဦးဆောင်ကော်မတီများ ပူးပေါင်းဝန်းရံကာ သပိတ်တရားဟောပြောခဲ့ကြသည်။

အဆိုပါ သပိတ်စစ်ကြောင်းတွင် ဆန္ဒပြပြည်သူများ၏ လုံခြုံရေးအတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကာကွယ်စောင့်ရှောက်၍ လိုက်ပါဝန်းရံပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မှုထမ်းဥပဒေအသက်မသွင်းမီကတည်းက မန္တလေးတိုင်းအတွင်း ဒေသအချို့တွင် ပြည်သူ့စစ်ခေါ် ပျူသင်တန်းများ အဓမ္မဖွင့်လှစ်နေသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောက်စီယာဉ်တန်းသည် ​အောက်တိုဘာ ၄ ရက်ညနေ ၃နာရီခန့်တွင် မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး၌ ရှိနေသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ပွဲအခြေအနေ ရှုပ်ထွေး နေ၍ အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

သတင်း

ဩဂုတ်၂၂ရက်မွန်းလွဲပိုင်းက မြင်းခြံမြို့နယ်၊ ကုက္ကဲဈေးတန်းသို့ ဈေးဝယ်သွားသည့် တပ်ကျေးရွာမှ ရွာသားတစ်ဦးအား စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။