Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဒီနေ့တရားရုံးချိန်း မှာ ကျင်းပ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ ဇွန်လ ၁၉ ရက်ဖြစ်ပြီး မနေ့ကတော့ မြန်မာပြည်သူတွေဟာ လူမှုကွန်ရက်ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်မြောက်မွေးနေ့ကို ဒီနေ့ နေပြည်တော်က တရားရုံးချိန်းမှာ မွေးနေ့ပွဲကျင်းပခဲ့တယ်လို့သိရပါတယ်။

တရားခွင်စမတင်မီ ရှ့နေတွေစီစဉ်ပေးတဲ့ မွေးနေ့ကိတ်ကိုခွဲပြီး ကျင်းပခဲ့တာလို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။

ဒီနေ့တရားခွင်ဟာ ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတဲ့ကိစ္စရပ်တွေမှာ နိုင်ငံဘဏ္ဍာထိခိုက်နစ်နာတယ်ဆိုပြီး စစ်ကောင်စီက သမ္မတဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကိုတရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုအတွက် ဒီနေ့ ရုံးချိန်းမှာ သက်သေအဖြစ် NLD အစိုးရလက်ထက် လူကယ်ပြန် ဒုဝန်ကြီး ဦးစိုးအောင် ကိုစစ်ဆေးတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ ဇွန်လ ၁၉ ရက်ဖြစ်ပြီး မနေ့ကတော့ မြန်မာပြည်သူတွေဟာ လူမှုကွန်ရက်ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတာပါတယ်။

Photo – AFP

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။