Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများကို မမေ့လျော့ရန် နိုင်ငံတကာကို ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ယခုသီတင်းပတ် မြန်မာကတ်သလစ်ဘုန်းတော်ကြီးများအထွေထွေညီလာခံ နောက်ဆုံးထုတ်ပြန်ချက်တွင် ဆက်လက်ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ဒဏ်ခံစားနေရသော မြန်မာအရပ်သားပြည်သူ များ၏ အကျပ်အတည်းကို လွန်စွာစိုးရိမ်ကြောင်း ဖော်ပြသည်။

(ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ။ ။ဓါတ်ပုံ-CNA)
(ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ။ ။ဓါတ်ပုံ-CNA)

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများကို မမေ့လျော့ရန် ပုပ်ရဟန်းမင်းကြီးက ယမန်နေ့တွင် တိုက်တွန်းလိုက်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများကို ခံစားနေရသည့် မြန်မာပြည်သူများကို လျစ်လျူရှုမထားရန် ပုပ်ရဟန်းမင်းကြီးက ပန်ကြားချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အခြေခံလူသားချင်းစာနာမှုအကူအညီ ကင်းမဲ့နေဆဲ​ မြန်မာပြည်သူအများအပြားရဲ့ နာကျင်မှု ငိုကြွေးသံတွေကို ကျွန်ုပ်တို့ ကြားနေရဆဲပါ။ နောက်ပြီး မြန်မာပြည်သူတွေဟာ အကြမ်းဖက်မှုတွေက လွတ်မြောက်ဖို့နဲ့ နေအိမ်တွေကို မီးရှို့ခံနေရတာတွေကြောင့် အတင်းအကျပ်နေရပ်စွန့်ခွာနေရပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က မိန့်ကြားသည်။

ယခုသီတင်းပတ် မြန်မာကတ်သလစ်ဘုန်းတော်ကြီးများအထွေထွေညီလာခံ နောက်ဆုံးထုတ်ပြန်ချက်တွင် ဆက်လက်ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ဒဏ်ခံစားနေရသော မြန်မာအရပ်သားပြည်သူ များ၏ အကျပ်အတည်းကို လွန်စွာစိုးရိမ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဘက်အားလုံးအနေဖြင့် လူသားဘ၀နှင့် ဂုဏ်သိက္ခာကို လေးစားလိုက်နာရန် အထက်ပါဘုန်းတော်ကြီးများက တောင်းဆိုခဲ့သည်။

အသက်ရှင်သန်ခွင့်ကို လေးစားရန်နှင့် ဘာသရေးဝတ်ပြုနေရာများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို အလေးအမြတ်ထားရန် ကတ်သလစ်ဘုန်းတော်ကြီးများကအခိုင်မမာတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။