Connect with us

Hi, what are you looking for?

သတင်း

အာဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးကို စစ်ကောင်စီတက်ခွင့်ရဖို့ရှိနေ

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ကိုမဖိတ် ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်က ဇွန်လ ၁၅ ရက် ကြေညာချက်ထုတ်ပြီးတောင်းဆိုထားပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးကို စစ်ကောင်စီတက်ခွင့်ရဖို့ရှိနေ
အာဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးကို စစ်ကောင်စီတက်ခွင့်ရဖို့ရှိနေ

အကြမ်းဖက်စစ်ကောင်စီနဲ့အဆက်အဆံမလုပ်ဖို့ ရာနဲ့ချီတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်နေတဲ့ကြားထဲက မနက်ဖြန်မှာ စတင်ကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေး(ADMM) ကို စစ်ကောင်စီကာကွယ်ရေးဝန်ကြီး တက်ရောက်ဖို့ရှိနေပါတယ်။

ADMM အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ဇွန်လ ၂၁ ရက်ကနေစပြီး ၂ ရက်ကြာကျင်းပမှာပါ။

အဲဒီအစည်းအဝေးကိုတက်ရောက်ဖို့ အာဆီယံ ၁၀ နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးတွေကိုဖိတ်ကြားထားတယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ် Nem Sowat ရဲ့ပြောကြားချက်ကို ခမာတိုင်းမ်က ဖောြ်ပပါတယ်။

“ဒီနှစ်ရဲ့အာဆီယံဥက္ကဋ္ဌ အနေနဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးကိုဖိတ်ကြားဖို့ ကျွန်တော်တို့ပြောဆိုထားပြီဖြစ်ပါတယ်၊ဒီလိုဖိတ်ကြားဖို့အတွက်လည်း အဖွဲ့ဝင် ၈ နိုင်ငံဆီက သဘောတူညီချက်ရထားပါတယ်” လို့ ဗိုလ်ချုပ် Nem Sowat ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ကိုမဖိတ် ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်က ဇွန်လ ၁၅ ရက် ကြေညာချက်ထုတ်ပြီးတောင်းဆိုထားပါတယ်။

အဲဒီတောင်းဆိုချက်ထဲမှာစစ်ကောင်စီကို ကိုယ်စားပြုပြီးအစည်းအဝေးတက်မယ့် ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲရေးမှာအရေးပါတဲ့သူဖြစ်တဲ့အပြင် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ဒဏ်ခတ်အရေးယူထားသူဖြစ်တယ်ဆိုတာကိုထောက်ပြထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။