Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးနယ် ညောင်ပင်တဲရွာရှိ ​ဒေသခံပြည်သူ ငါးဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်

စစ်ကောင်စီ၏ သောင်းကျန်းသူများသည် ညောင်ပင်တဲကျေးရွာမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများကို လုယက်ယူဆောင်သွားပြီး ချောင်းဦးမြို့နယ်၊ ရွာတော်လေးကျေးရွာသို့ ရောက်ရှိသွားကြောင်း၊ ထိုမှတဆင့် မည်သည့်ကျေးရွာသို့ ဆက်လက်ထွက်ခွာမည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်တပ်က ​ဒေသခံပြည်သူငါးဦးအား မီးရှို့သတ်ဖြတ်ပြီး ​ကျေးရွာအားမွှေနှောက်ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - ချောင်းဦးမြို့နယ်ပြည်သူ့သတင်း)
(အကြမ်းဖက်စစ်တပ်က ​ဒေသခံပြည်သူငါးဦးအား မီးရှို့သတ်ဖြတ်ပြီး ​ကျေးရွာအားမွှေနှောက်ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - ချောင်းဦးမြို့နယ်ပြည်သူ့သတင်း)

▪️ပြည်သူ့ကာကွယ်​ရေးတပ်မှ ရဲ​ဘော်တစ်ဦးကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာရှိ ​ဒေသခံပြည်သူ ငါးဦးကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ၁၈ ရက် နံနက်ပိုင်းက ချောင်းဦးမြို့မှ အင်အား ၈၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် ညောင်ပင်တဲကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ​ဒေသခံများ၏ နေအိမ်များကို မွှေနှောက်ရှာဖွေဖျက်ဆီးကာ ညအိပ်နေထိုင်ခဲ့ကြသည်။

ကျေးရွာအတွင်း ပိတ်မိကျန်ရစ်သော ရွာသူ၊ရွာသားများကို ဖမ်းဆီး၍ နေအိမ်တစ်အိမ်တွင် ချုပ်နှောင်ထားခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇွန်လ၂၀ ရက်) နံနက်ပိုင်းတွင် ဖမ်းဆီးမိသူများအနက် အမျိုးသမီးကြီး သုံးဦးကိုပြန်လွှတ်၍ အမျိုးသား ငါးဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မီးရှို့သတ်ဖြတ်ခံရသူများမှာ ညောင်ပင်တဲကျေးရွာမှအသက် ၅၂ နှစ်အရွယ် ဦးပေါကြည် ၊ အသက် ၃၇နှစ်အရွယ်ကိုနေဝိုင်း၊ အသက် ၄၈နှစ်အရွယ် ဦးအောင်မင်းနှင့် အသက် ၄၉ နှစ်အရွယ် ဦးပြေအေးတို့ဖြစ်ပြီး တစ်ဦးမှာမူ မည်သူမှန်းမသိရသေးကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

” ၁၈ရက်နေ့က လက်နက်ကြီးတွေ သေနတ်‌တွေအစုံပစ်ပြီး ရွာထဲဝင်လာတာ။ မပြေးနိုင်ဘဲ ပိတ်မိကျန်ရစ်တဲ့သူ ရှစ်ယောက်ကို ဖမ်းတယ်။ အိမ်တစ်အိမ်မှာချုပ်ထားပြီး ယောက်ျားလေးတွေကို တူတွေ ပလာယာတွေနဲ့ ထုညှပ်ပြီး သူတို့သိချင်တာတွေမေးတယ်။ ရွာသားတွေဆိုတော့ ဘာသိမှာလဲဗျာ။ မေးတာမသိလေ ပိုနှိပ်စက်လေ၊နှိပ်စက်ပြီး နှစ်ယောက်ကို အိမ်အပြင်ဘက် ​တရွတ်တိုက်ဆွဲခေါ်ပြီး မီးရှို့သတ်တော့တာပဲ။ ၁၉ ရက်နေ့ ညပိုင်းမှာ တစ်ယောက်ထပ်သတ်တယ်။ ၂၀ ရက်မနက် သူတို့ပြန်ထွက်ခါနီး အိမ်တစ်လုံးကိုမီးရှို့ပြီး ကျန်တဲ့ နှစ်ယောက်ကို အဲဒီအိမ်ထဲပစ်ထည့်သွားတာပဲ “ဟု ဒေသခံတစ်ဦးက ချောင်းဦးမြို့နယ်ပြည်သူ့သတင်းသို့ ဖြေဆိုထားသည်။

ညောင်ပင်တဲကျေးရွာ စီးနင်းမှုဖြစ်စဉ်တွင် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တိုးနိုင်ဝင်း နိုင်ငံတော်အတွက် အသက်စွန့်လှူ၍ မြင့်မြတ်စွာကျဆုံးကြောင်း ​ချောင်းဦးPDF က ထုတ်ပြန်သည်။

“ကျဆုံးတာ ဟုတ်ပါတယ်။ အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်ရေးလုပ်ရင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့တာပါ၊ ချောင်းဦး(ပကဖ)က ရဲဘော် တစ်ယောက်နဲ့ CHUPDF က ရဲဘော်တစ်ယောက်လည်း ဒဏ်ရာရတယ်။ ကျဆုံးရဲဘော်ကို ဒီနေ့ စစ်အခမ်းအနားနဲ့ သင်္ဂြိုလ်ပြီးပါပြီ “ဟု ​ချောင်းဦး PDF ပြန်ကြားရေးဌာနစိတ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ သောင်းကျန်းသူများသည် ညောင်ပင်တဲကျေးရွာမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများကို လုယက်ယူဆောင်သွားပြီး ချောင်းဦးမြို့နယ်၊ ရွာတော်လေးကျေးရွာသို့ ရောက်ရှိသွားကြောင်း၊ ထိုမှတဆင့် မည်သည့်ကျေးရွာသို့ ဆက်လက်ထွက်ခွာမည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ