သတင်း ရန်ကုန်မြို့မှာ ဇွန်လအတွင်း မတရားဖမ်းဆီးခံရသူ ၅၀ ကျော်ရှိဟု RSN ထုတ်ပြန် ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း အာရက္ခထီ ဆုကြေးကို ကျပ်သိန်း ၅၀၀ ကနေ ၇၅၀ အထိ တိုးမြှင့်တော့မယ် အာရက္ခတပ်တော်(AA)က ရောင်းချနေတဲ့ အာရက္ခလောင်ပေါ်(ထီ)ပထမဆုကို ပြီးခဲ့တဲ့လက ကျပ်သိန်း ၅၀၀ သာ ပေးခဲ့ရာကနေ အခုလာမယ့်လကစပြီး ကျပ်သိန်း ၇၅၀ အထိ တိုးမြှင့်ပေးသွားတော့မယ်လို့ AA ရဲ့ အခွန်ဌာနက အသိပေးပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ရခိုင်မှာ ၆လအတွင်း စစ်တပ်လက်ချက်ကြောင့် အရပ်သား ၈၀ကျော် သေဆုံး၊ ၁၉၀ နီးပါး ဒဏ်ရာရ စစ်တပ်ရဲ့ လေယာဉ်ဗုံးနဲ့ လက်နက်ကြီးကြောင့် ၂ရက် ၁ဦးနှုန်း သေဆုံးနေ ludunwayooဇူလိုင် 5, 2026
သတင်း မန္တလေးကန်တော်ကြီးမှာသတ်ဖြတ်ခံရတဲ့အမျိုးသားအလောင်းတွေ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိကန်တော်ကြီး(ရေကန်)မှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုမနေ့ ( ဇူလိုင်လ ၃ ရက်) ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ လက်နက်ယူပြီး ထွက်ပြေးအလင်းဝင်လာ မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ဟာ လက်နက်ယူပြီး ထွက်ပြေးအလင်းဝင်လာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း KNU အချုပ်ထောင်က ထွက်ပြေးသူ ၂ဦး ပြန်ဖမ်းမိ မြန်မာ-ထိုင်းနယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) အချုပ်ထောင်က ထွက်ပြေးသွားသူတွေထဲက ၂ဦးကို ပြန်ဖမ်းမိထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က လူထုနွေဦးကို ပြောပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း အီရန် အဓိပတိဟောင်းရဲ့ နိုင်ငံတော် ဈာပန စတင်၊ လူသန်းနဲ့ချီ တက်ရောက်ဖွယ်ရှိ အီရန်မှာ အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီအတွက် နိုင်ငံတော် ဈာပန အခမ်းအနားကို စတင် ကျင်းပနေပြီး နောက်ဆုံး ဂါရဝပြု နှုတ်ဆက်သူ အများအပြား ရှိနေတယ်လို့ အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ခလရ(၂၈၂)တပ်ရင်းကတပ်သား လက်နက်နဲ့အတူ KNUထံ အလင်းဝင် အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ကျိုက်ထိုမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အသက် ၈၀ ကျော် အဘိုးအို ဒဏ်ရာရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ သက်ကြီးအဘိုးအို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောတွေ ဆန်တက်လာလို့ မြစ်ဘေးကရွာတွေ တိမ်းရှောင်ရ စစ်ကိုင်းးတိုင်း၊ ဆားလင်းကြီးမြို့နယ်က ချင်းတွင်းမြစ်အတွင်းမှာ စစ်သင်္ဘောတွေ ဆန်တက်လာလို့ မြစ်ဘေးကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ludunwayooဇူလိုင် 5, 2026