ဇူလိုင်-၄ ၊၂၀၂၆။မိုမို/People’s Spring
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) အချုပ်ထောင်က ထွက်ပြေးသွားသူတွေထဲက ၂ဦးကို ပြန်ဖမ်းမိထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က လူထုနွေဦးကို ပြောပါတယ်။
အခုဇူလိုင် ၁ ရက်က ဘုရားသုံးဆူဒေသမှာရှိတဲ့ အချုပ်ထောင်ကနေ အချုပ်သား ၆ ဦးဟာ လက်နက်တွေနဲ့ ထွက်ပြေးသွားတာဖြစ်ပြီး ဇူလိုင် ၃ ရက် ညနေမှာ ၂ဦးကို ပြန်ဖမ်းမိတာလို့ ဆိုပါတယ်။
“မနေ့ ညနေက ပြန်ဖမ်းမိတာ။ဘယ်နေရာမှာ မိတယ် ဆိုတာတော့တည်နေရာ မပြောတော့ဘူး။ဖမ်းဆီးတာတော့ KNU နယ်မြေခံတွေနဲ့အတူပဲ။ကျွန်တော်တို့က ဝိုင်း၀န်း ကူညီတာ”လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

Public Service Announcement
လက်ရှိမှာ ဖမ်းမိသူ ၂ဦးကို KNU ထံ ပြန်လည်အပ်နှံလိုက်ပြီလို့ အသိပေးပါတယ်။
“အကုန်မမိသေးဘူး။ ၂ဦးပဲ မိတာ။ ပါသွားတဲ့ လက်နက် ၂လက်လည်း မရသေးဘူး။ကျန်နေတြဲသူတွေကိုတော့ ဆက်ရှာနေကြတယ်”လို့ ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောပါတယ်။
အချုပ်ထောင်ဖောက်ထွက်ပြေးသွားသူတွေဟာ လူသတ်မှု၊ရွှေခိုးမှုနဲ့ မူးယစ်ဆေးဝါး အမှုနဲ့ပတ်သက်သူတွေလို့ ဆိုပါတယ်။
ပြန်ဖမ်းမိထားသူ ၂ဦးဟာ လူသတ်မှုနဲ့ ရွှေခိုမှု ကျူးလွန်ထားသူတွေလို့ သိရပါတယ်။


















































