Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ လက်နက်ယူပြီး ထွက်ပြေးအလင်းဝင်လာ

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ဟာ လက်နက်ယူပြီး ထွက်ပြေးအလင်းဝင်လာတယ်လို့ ‌ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(မကွေးတိုင်းစစ်ဌာနကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် ၃ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF)

ဇူလိုင်-၄၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ဟာ လက်နက်ယူပြီး ထွက်ပြေးအလင်းဝင်လာတယ်လို့ ‌ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

‌မင်းတုန်းမြို့နယ်အနောက်ခြမ်း ရိုး(ရခိုင်ရိုးမ)နားမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းက စစ်သားတွေ ဟာ တော်လှန်ရေးတပ်တွေထံ အခုရက်ပိုင်းအတွင်း ထွက်ပြေးလာတာလို့ ဆိုပါတယ်။

“ကြားတာတော့ ၄ ယောက်လောက် ပြေးလာတာ။လက်နက်လည်း ပါတယ်။တော်လှန်ရေးရဲဘော်တွေဆီရောက်သွားတယ်”လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်း ဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမ ကို ထိုးစစ်ဆင်နေတာလို့ အသိပေးပါတယ်။

“ပြေးလာတဲ့သူတွေ ပြောတာအရဆိုရင် ရိုးပေါ်တက်တိုင်း အသေများနေတယ်။အဲဒါကြောင့် သူတို့အရင် ပြေးတဲ့သူတွေ ရှိသလို နောက်ထပ် ပြေးချင်တဲ့သူ တွေလည်းရှိတယ်”လို့ မင်းတုန်းမြို့နယ် တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီ ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကတည်းက ကြိုးစားနေတာဖြစ်ပါတယ်။

သရက်မြို့အခြေစိုက် အမှတ်(၄၄)ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေနဲ့ အင်အား ၁၀၀၀ ကျော်ကို အသုံးပြုထားပါတယ်။

ဒါပေမယ့် ထိခိုက်သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရတာတွေကြောင့် စစ်တပ်စစ်ကြောင်းက ရခိုင်ရိုးမ အခြေက ကျေးရွာတွေဘက်ကို ပြန်ဆုတ်ခဲ့ရတာလို့သိရပါတယ်။

“စစ်ကြောင်းထိုးခဲ့တဲ့ တပ်တွေက လက်ရှိမှာ ပြောင်း၊ထန်းပင်ကုန်း၊ဖြူကန်ကျေးရွာ နဲ့ ကျွဲဒွန်ကျေးရွာတွေမှာ ပြန်တပ်စွဲထားတယ်။တိုက်ပွဲက တော့လက်ရှိ မဖြစ်ဘူး။စစ်တပ်ဘက်ကတော့ လက်နက် ကြီးနဲ့ပစ်တာ လေကြောင်းကနေ ဗုံးကြဲတာရှိတယ်။လေကြောင်းကနေ ဆိုရင် ၂၁ ရက်နေ့က နေ ၂၅ ရက် အထိ ဂျက်ဖိုက်တာ၊Y 12 တွေပါ အသုံးပြုခဲ့တယ်”လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။

စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု‌တွေအတွင်း မေလ နောက်ဆုံးပတ်နဲ့ ဇွန်လ ၃ ရက်က မင်းတုန်းမြို့နယ်တိုက်ပွဲတွေနဲ့ သရက်ခရိုင်မှာ စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိခဲ့ပါတယ်။

မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA) က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းက ဗိုလ်မှူးကျော်မင်းသန့်ကို အဓမ္မစစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေက လုပ်ကြံသတ်ဖြတ်ပြီး တော်လှန်ရေးဘက်ကို အလင်းဝင်ပူးပေါင်းခဲ့တယ်လို့ လုပ်ကြံမှုမှာ ဦးဆောင်ခဲ့တဲ့ လူငယ်က ထွက်ဆိုပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်းရခိုင်ရိုးမကိုစစ်တပ်က မြေ ပြင်စစ်ကြောင်းတွေ ထိုးမရတာကြောင့် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။