Hi, what are you looking for?
စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။
ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ် ရပ်နေတုန်း နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာကြောင့် အောက်ပိုင်းတွေပျက်စီးသွားတဲ့ ရဟတ်ယာဉ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ဦးခေါင်းပိုင်းကိုနောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီးလောင်ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ် ။
စစ်ကောင်စီခေါင်းဆောင်ကို လာမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို ပေးမတက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေ ဆုံးဖြတ်လိုက်တယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။ ဒီနေ့ညနေပိုင်းမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးကိုလုပ်ခဲ့တာပါ။ စစ်ကောင်စီခေါင်းဆောင်ဟာ အာဆီယံ သဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ဖို့ပျက်ကွက်တာကြောင့် လာမယ့် ထိပ်သီးအစည်းအဝေးကို ပေးတက်သင့် မသင့် ဆွေးနွေးခဲ့ကြတာလို့သိရပါတယ်။...
ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်ဖို့နဲ့ ကူးစက်ခံရရင် ပြင်းထန်မှုကိုလျှော့ချနိုင်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကမ္ဘာကျန်းမာရေးအဖွဲအပါအဝင် ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ် ။ ကာကွယ်ဆေးထိုးတဲ့အခါ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတချို့ကိုလည်း ခံစားကြရမှာပါ။ ဒါပေမဲ့ ဆေးထိုးသူတိုင်း ခံစားရတာမျိုးမဟုတ်ဘဲ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက်သာ ဘေးထွက်ဆိုကျိုးခံစားရတယ်လို့ ဆိုထားပါတယ်။ ဘေးထွက်ဆိုးကျိုးရှိမရှိဆိုတာကိုတော့ ဆေးထိုးပြီး ၃ ရက်ကနေ...