Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီကစစ်တပ်စခန်ကုန်း‌သုံးခုကို AAသိမ်းပိုက်

ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ်ထဲက စစ်တပ်စခန်းကုန်းသုံးခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ်​တွေအပါအဝင် စစ်မျက်နှာ ၆ ခုမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က ယ​နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

■လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်ရရှိ

■စစ်မျက်နှာ၆ခုမှာ တိုက်ပွဲတွေပြင်းထန်နေ

ဇွန်-၂၇၊၂၀၂၆။စိုင်းနောင်/People’s Spring

ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ်ထဲက စစ်တပ်စခန်းကုန်းသုံးခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ်​တွေအပါအဝင် စစ်မျက်နှာ ၆ ခုမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က ယ​နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ရေကြည်မြို့နယ်ထဲက ပွိုင့် (၂၈၈) ကုန်းကိုဇွန်လ (၁၇) ရက်၊ ပွိုင့် (၁၈၈) ကုန်းကို ဇွန်လ (၁၉) ရက်နဲ့ ပွိုင့် (၁၄၈) ကုန်းကို ဇွန်လ (၂၁) ရက်နေ့မှာ တစ်ခုပြီးတစ်ခု ဆက်တိုက် သိမ်းပိုက်ရရှိခဲ့တာလို့ ဇွန်လ ၂၇ရက်နေ့ညမှာ AA ကထုတ်ပြန်ထားပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးဖြင့် ထိုးဖောက်ရန် ကြိုးစားနေတာကြောင့် ရခိုင်-ဧရာဝတီ အစပ် နေရာ​တွေမှာတိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေတယ်လို့ ​ဖော်ပြပါတယ်။

ရေကြည်မြို့အခြေစိုက် အမြောက်တပ် (၃၄၄) နဲ့ ပုသိမ်အခြေစိုက် တပ်ရင်းတွေကနေထုတ်နုတ်အင်အား (၄၀၀) ကျော်နဲ့ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်နေပြီး စခန်းသိမ်းတိုက်ပွဲတွေအတွင်းရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်း‌ တွေ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းဓါတ်ပုံ​တွေနဲ့တကွထုတ်ပြန်အသိပေးထားပါတယ်။

ဂွမြို့နယ်ကိုဦးတည်တဲ့ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဟာ ယခုတစ်ကြိမ်မှ မဟုတ်ဘဲ ကြိမ်ဖန်များစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်တပ်ရဲ့တန်ပြန် ထိုးစစ်တိုင်း စစ်​ကြောင်း​တွေလန်ကျနေတာလို့စစ်ရေးသတင်း ရင်းမြစ်အချို့ကပြောပါတယ်။

ဂွမြို့နယ်ကို၂၀၂၄ ဒီဇင်ဘာလမှာAAကသိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ၂၀၂၅ခု

နှစ်ကစပြီး စစ်တပ်က ဧရာဝတီတိုင်းဘက်ကနေ စစ်ကြောင်းတွေပြန်ထိုးဖို့ကြိုးပမ်းခဲ့ပေမယ့် AAနဲ့မဟာမိတ်တွေက ပိတ်ဆို့​ဖြတ်​တောက်ချေမှုန်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

ရခိုင်နဲ့ ဧရာဝတီနယ်စပ်စစ်မျက်နှာအပြင် စစ်တွေ နဲ့ ကျောက်ဖြူမြို့ပတ်ဝန်းကျင်၊ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်၊ရခိုင်ပြည်နယ် နဲ့ပဲခူးတိုင်းနယ်စပ်၊ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်နယ်စပ်ဖြစ်တဲ့ မင်းတပ်နဲ့ကန်ပက်လက်မြို့တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြား ပို့ဆောင်ပြီး တိုက်ခိုက်နေတာလို့ ဒေသအသီးသီးမှာရှိတဲ့တော်လှန်ရေးအင်အားစု တွေကပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာလည်းလူလှိုင်းအသုံးပြုပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲ တွေပြင်းထန် နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်​တော် က ရခိုင်ပြည်နယ်မှာ စစ်​တွေ ၊​ကျောက်ဖြူ ၊မာန်​အောင်မြို့နယ်မှအပ ကျန် ၁၄ မြို့နယ်လုံး နဲ့ ချင်းပြည်နယ်၊ပလက်ဝ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားတာပါ ။စစ်​တွေ နဲ့ ​ကျောက်ဖြူမြို့နယ်​တွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အခုလိုု်းအတွင်း AA ကထိုးစစ်ကိုအရှိန်မြှင့်တိုက်ခိုက်​နေတာဖြစ်ပါတယ် ။

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ဒေသဖြစ်တဲ့ ပန်းတောင်းမြို့နယ်ထဲနဲ့ ကပစ(၁၆)အနီးကတိုက်ပွဲတွေမှာလည်း စစ်စခန်း၃ခုကို AA နဲ့ မဟာမိတ် ‌တွေက ယခုရက်ပိုင်းမှာထပ်မံ သိမ်းယူနိုင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။ ပန်းတောင်းမြို့နယ်ထဲကတိုက်ပွဲတွေနဲ့ပတ်သက်လို့ AAကတော့ မထုတ်ပြန်သေးပါဘူး။

ဒါ့အပြင် ဇွန် ၂၇ ရက် ညဦးပိုင်းမှာပဲ ရခိုင်ပြည်နယ်၊​ကျောက်ဖြူမြို့နယ်ထဲကတိုက်ပွဲတစ်ခုမှာ ပင်လယ်ကမ်းစစ်မှာ စစ်တပ်က ရာနဲ့ ချီတဲ့စစ်သား​တွေ AA ထံလက်နက်ချ အလင်းဝင်တဲ့ ရုပ်သံမှတ်တမ်းလည်းပျံ့နှံ့လာပါတယ် ။ အဲဒီဖြစ်စဥ်ကို အတည်ပြုဖို့ People’s Spring ကကြိုးစား​နေဆဲဖြစ်ပတယ်။AA ထုတ်ပြန်တဲ့ စစ်​ရေးသတင်းမှာ အဆိုပါသတင်း​တော့ ပါလာတာမ​တွေ့ရ​သေးပါဘူး ။

ဆက်စပ်သတင်းများ

သတင်း

ဂွမြို့နယ်မှာ ၂ပတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ၂ဦး သေဆုံး၊ ၂၀ ဒဏ်ရာရ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲမှာရှေ့တန်းစခန်းတွေ လက်လွတ်ဆုံးရှုံးနေရတဲ့အာဏာသိမ်းစစ်တပ်က အသုတ်မြို့ ၊ဆတ်‌ဒေါင့်ကြီးရွာကို ဝင်ရောက်တပ်ဆွဲထားတာကြောင့် ဒေသခံတွေ ရွာကနေ ‌တိမ်း ရှောင်နေရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ ကပဲခူးတိုင်း ၊ပန်းတောင်းမြို့နယ်၊ အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆)ရဲ့ ကာကင်းစခန်း ၃ ခုကို ဇွန်လ ဒုတိယလပတ်အတွင်းထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း နဲ့ရခိုင်ပြည်နယ်အစပ်နယ်မြေတွေကို စစ်တပ်က ရိက္ခာဖြတ်တောက်နေပြီး ကုန်သည်တွေကိုလည်း စားသောက်ကုန်တွေ လှောင်မထားဖို့ ဖိအားပေးနေပါတယ်။