ဇွန်-၂၇၊၂၀၂၆။ People’s Spring
၂၀၂၆ ကမ္ဘာ့ဖလား ၁၆ ရက်မြောက်နေ့ အုပ်စု G,H,I ရဲ့ အုပ်စုနောက်ဆုံးပွဲတွေယှဥ်ပြိိုင်ပြီးချိန်မှာ ပြင်သစ် ၊စပိန် ၊ဘယ်လ်ဂျီယံတို့က အုပ်စုဗိုလ် ၊ နော်ဝေ ၊ကိပ်ဗာဒီ ၊အီဂျစ်တို့က အုပ်စု ဒုတိယနဲ့ ၃၂ သင်းရှုံးထွက်အဆင့်တက်ခဲ့ပါတယ် ။ အာရှက အီရန် အသင်းကလည်း သုံးပွဲကစား သုံးပွဲလုံး သရေကျခဲ့ပါတယ် ။ဒါပေမယ့် ကိပ်ဗာဒီလို အုပ်စု ဒုတိယတော့မရပဲ အုပ်စု တတိယပဲ ရလို့ တတိယ အကောင်းဆုံး ၈ သင်း အနေနဲ့နောက်တစ်ဆင့်တက်နိုင်မလား ကျန် အုပ်စု ၃ ပွဲနောက်ဆုံးပွဲတွေရလဒ်ကိုစောင့်ကြည့်နေရပါတယ် ။ အီရန်ဟာ အီဂျစ်ကို အကောင်းဆုံးတုံ့ပြန်ကစားရင်း အချိန်ပို ၉၂ မိနစ်ကျော်မှာ အနိုင်ဂိုးသွင်းနိုင်ပေမယ့် ဒိုင်လူကြီးက လူကျွံဘောသတ်မှတ်လို့ နိုင်ပွဲနဲ့ ဝေးခဲ့ရတာပါ ။ အီရန်ကစားသမားတွေကတော့ ဖီဖာပွဲစီစဥ်သူတွေက အီရန်ကို ပြိုင်ပွဲမှာဆက်မရှိစေချင်လို့ အခုလိုလုပ်တာလို့ စွပ်စွဲနေကြပါတယ် ။



ဒါကြောင့်အာရှက တောင်ကိုးရီးယားနဲ့ အီရန်တို့ဟာ အုပ်စုတတိယ ရပေမယ့် ၃ မှတ်ပဲရလို့အကောင်းဆုံးတတိယ ၈ သင်းစာရင်းဝင်ဖို့ J,K,L အုပ်စုနောက်ဆုံးပွဲတွေစောင့်ကြည့်နေရပါတယ် ။အုပ်စု ၉ စု ပွဲစဥ်တွေအားလုံးပြီးဆုံးချိန်မှာ ဘောစနီးယား ဟာဇီဂိုးဘီးယား ၊ပါရာဂွေး ၊အီကွေဒေါ ၊ဆွိဒင်တို့က ရမှတ် ၄ မှတ်စီနဲ့ အုပ်စု တတိယအကောင်းဆုံး ၈ သင်းအနေနဲ့နောက်တစ်ဆင့်တက်သွားပါပြီ။ ၃ မှတ်စီ ရထားတဲ့ အုပ်စုတတိယရအသင်းတွေထဲမှာ ဆီနီဂေါက သွင်းဂိုးက ပေးဂိုးထက် ၂ ဂိုးသာပြီး ဂိုးကွာခြားချက်အသာအရဆုံးအသင်းဖြစ်နေပါတယ်။ ဒါကြောင့်ကျန် အုပ်စု ၃ စုကတတိယရအသင်းတွေ ၄ မှတ်စီရခဲ့ရင်တောင်တတိယအကောင်းဆုံးအသင်းက ၇ သင်းပဲရှိသေးတာမို့ သူ့အတွက် ၁ နေရာကသေချာသွားပြီး ရှုံးထွက်ကိုတက်သွားပါပြီ ။
တောင်ကိုးရီးယား ၊အီရန် ၊စကော့တလန်တို့က တော့ ၃ မှတ်စီနဲ့ ကျန် အုပ်စုအဖြေတွေကိုစောင့်နေရတာဖြစ်ပါတယ် ။ရမှတ်တူရင် ရဂိုး၊ပေးဂိုး အနည်းအများ ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်မှာဖြစ်ပါတယ် ။ ဥရုဂွေးကတော့ အုပ်စု တတိယ ပေမယ့် ၂ မှတ်ပဲရလို့ နောက် တစ်ဆင့်တက်ဖို့ မျှော်လင်ချက်မရှိတော့ပါဘူး ။

Public Service Announcement
မြန်မာစံတော်ချိန် မနက်ဖြန် မနက်အစောကစားမဲ့အုပ်စု သုံးစုမှာ အယ်လ်ဂျီးရီးယား(၃ မှတ်) ၊ခရိုအေးရှား(၃ မှတ်) ၊ဒီအာ ကွန်ဂို(၁ မှတ်) တို့က နောက်ဆုံးပွဲမကန်ရခင်မှာ အုပ်စု တတိယအဖြစ်ရပ်တည်နေပါတယ် ။


















































