Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံလိုသူအားလုံးနဲ့လွတ်လပ်စွာတွေ့ဆုံခွင့်ပေးဖို့ အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံတကာမိတ်ဖက်တွေ တိုက်တွန်း

ပူးတွဲကြေညာချက်မှာ အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်နဲ့အညီ အထူးသံတမန်က မြန်မာနိုင်ငံကို ပုံမှန်လာရောက်ကြည့်ရှုရာမှာ အဆင်ပြေစေရေး စစ်တပ်အနေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံလိုသူအားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံခွင့်ပေးဖို့ အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံတကာမိတ်ဖက်တွေက ပူးတွဲကြေညာ ချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ပံ့ပိုးကူညီရေးနဲ့ ပတ်သက်လို့ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ တီမောလက်စတီ၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂကိုယ်စား နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ် စားလှယ်တို့ကပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပူးတွဲကြေညာချက်မှာ အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်နဲ့အညီ အထူးသံတမန်က မြန်မာနိုင်ငံကို ပုံမှန်လာရောက်ကြည့်ရှုရာမှာ အဆင်ပြေစေရေး စစ်တပ်အနေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေးအပါအ၀င် လူ့အခွင့်အရေးကို အပြည့်အ၀လေးစားရမယ်လို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဘေးကင်းလုံခြုံပြီး အဆီးအတားမရှိ လက်လှမ်းမီရောက်ရှိစေဖို့ ခွင့်ပြုပေးရမယ်လို့လည်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ မနေ့ကထုတ်ပြန်ချက်မှာ အထူးကိုယ်စားလှယ်တောင်းဆိုချက် အားလုံးကို လိုက်လျောဖို့ ငြင်းဆိုထားပြီး တတ်နိုင်သလောက် လိုက်လျောထားကြောင်းနဲ့ မကြာခင်မှာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြပါတယ်။

ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီက အာဆီယံအထူးကိုယ်စားလှယ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်က အောက်တိုဘာ ၁၁ ကနေ ၁၄ အထိ မြန်မာနိုင်ငံကို လာရောက်ဖို့နဲ့သူတွေ့ဆုံလိုသူအားလုံးနဲ့တွေ့ဆုံခွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပေမယ့် စစ် ကောင်စီက ခွင့်မပြုတာကြောင့် ခရီးစဉ်ပျက်ပြယ်ခဲ့ရပါတယ်။

ခရီးစဉ်ပျက်ပြယ်ပြီးနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီဟာ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံဆုံးဖြတ် ချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်မှုမရှိဘူးဆိုပြီး လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ အာဏာသိမ်းခေါင်းဆောင်ကို ချန်လှပ်ဖို့ အဖွဲ့ဝင်နိုင်ငံများအကြား ဒီနေ့ အရေးပေါ်ဆွေးနွေး နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။