Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ်သို့လာသောစစ်ကြောင်းကို ဒေသခံတော်လှန်ရေးအဖွဲ့များ မိုင်းဆွဲတိုက်ခိုက်

စစ်သားများမိုင်းမိပြီးနောက် ကျေးရွာများအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေ၍ ဒေသခံပြည်သူများထွက်ပြေးနေရကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော တပ်သားအင်အား ၁၀၀ခန့်အား ခင်ဦး PDFနှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း၍ ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁၅ရက်) နံနက် ၇ နာရီခန့်က ခင်ဦးမြို့နယ် မုံတောရွာအနီး ခြေလျင်ဆင်းလာသည့် စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၂ဦးခန့်သေဆုံးနိုင်ကြောင်း ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့က အသိပေးထားသည်။

စစ်သားများမိုင်းမိပြီးနောက် ကျေးရွာများအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေ၍ ဒေသခံပြည်သူများထွက်ပြေးနေရကြောင်းလည်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်အား KUPDF နှင့်နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း၍ ပျောက်ကြားမိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး မြို့နယ်အနောက်ခြမ်း အတွင်းရှိကျေးရွာနေပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရပါသဖြင့် နယ်မြေအသီးသီးရှိကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လှုပ်ရှားမှု ပြုလုပ်ပေးကြရန် တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

ခရီးသွား ပြည်သူများအနေဖြင့်လည်း ခင်ဦး- ရေဦးလမ်း၊ ရွှေဘို-ညောင်ပင်သာ- ရေဦးလမ်းပိုင်းသို့ သွားလာခြင်းမပြုကြရန်လည်း အသိပေးမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

Facebook