Connect with us

Hi, what are you looking for?

News

သတိပေးချက်မလိုက်နာပဲ လူထုထံအခွန်ကောက်ပါကတိုက်ခိုက်မည်ဟု KNDF လွိုင်ကော်ဇုန် ထုတ်ပြန်

KNDF လွိုင်ကော်ဇုန်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၃ရက်က အကြမ်းဖက်စစ်ကောင်စီကို အားပေးထောက် ခံကာ လူထုထံအခွန်အခအတင်းအကြပ် ကောက်ခံနေသည့် ရုံးနှင့်ဌာနများကို တိုက်ခိုက်မည်ဟု အသိပေးထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

People's Spring
People's Spring

ကယား(ကရင်နီ)ပြည်နယ်အတွင်း ပြည်သူလူထုများအပေါ် အခွန်အခများ အတင်းအကြပ်ကောက်ခံနေသည့် ရုံးနှင့် ဌာနများကို ပစ်မှတ်ထားတိုက်ခိုက်ရန် အသိပေးချက်ထုတ်ပြန်ထားသည်ကို မလိုက်နာပဲ ခက်ခဲစွာ ရပ်တည်နေကြသည့် ပြည်သူများထံ အခွန်အခများ ထပ်မံကောက်ခံလာပါက ပိုမိုပြင်းထန်သော တိုက်ခိုက်မှုလုပ်ဆောင်မည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) လွိုင်ကော်ဇုန်က ယနေ့(အောက်တိုဘာ ၁၅) ထုတ်ပြန်သည်။

KNDF လွိုင်ကော်ဇုန်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၃ရက်က အကြမ်းဖက်စစ်ကောင်စီကို အားပေးထောက် ခံကာ လူထုထံအခွန်အခအတင်းအကြပ် ကောက်ခံနေသည့် ရုံးနှင့်ဌာနများကို တိုက်ခိုက်မည်ဟု အသိပေးထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများသည် ပြည်သူလူထုများအပေါ် အခွန်အခများကို ဆက်လက်ကောက်ခံလျက်ရှိသည်ကို မြေပြင်သတင်းများအရ ကြားသိရ၍ သတိပေးဖောက်ခွဲမှုကို အောက်တိုဘာ ၁၅ရက်နံနက်က ပြုလုပ်ခဲ့သည်ဟုဆိုသည်။

သတိပေးဖောက်ခွဲမှုကို မည်သည့်နေရာတွင် ပြုလုပ် သည် ဗုံးခွဲမှုကြောင့် ထိခိုက်မှုရှိမရှိ အခြေအနေများကိုမူ KNDF လွိုင်ကော်ဇုန်၏ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook