Connect with us

Hi, what are you looking for?

LuduNwayOo

News

သတိပေးချက်မလိုက်နာပဲ လူထုထံအခွန်ကောက်ပါကတိုက်ခိုက်မည်ဟု KNDF လွိုင်ကော်ဇုန် ထုတ်ပြန်

KNDF လွိုင်ကော်ဇုန်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၃ရက်က အကြမ်းဖက်စစ်ကောင်စီကို အားပေးထောက် ခံကာ လူထုထံအခွန်အခအတင်းအကြပ် ကောက်ခံနေသည့် ရုံးနှင့်ဌာနများကို တိုက်ခိုက်မည်ဟု အသိပေးထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

People's Spring
People's Spring

ကယား(ကရင်နီ)ပြည်နယ်အတွင်း ပြည်သူလူထုများအပေါ် အခွန်အခများ အတင်းအကြပ်ကောက်ခံနေသည့် ရုံးနှင့် ဌာနများကို ပစ်မှတ်ထားတိုက်ခိုက်ရန် အသိပေးချက်ထုတ်ပြန်ထားသည်ကို မလိုက်နာပဲ ခက်ခဲစွာ ရပ်တည်နေကြသည့် ပြည်သူများထံ အခွန်အခများ ထပ်မံကောက်ခံလာပါက ပိုမိုပြင်းထန်သော တိုက်ခိုက်မှုလုပ်ဆောင်မည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) လွိုင်ကော်ဇုန်က ယနေ့(အောက်တိုဘာ ၁၅) ထုတ်ပြန်သည်။

KNDF လွိုင်ကော်ဇုန်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၃ရက်က အကြမ်းဖက်စစ်ကောင်စီကို အားပေးထောက် ခံကာ လူထုထံအခွန်အခအတင်းအကြပ် ကောက်ခံနေသည့် ရုံးနှင့်ဌာနများကို တိုက်ခိုက်မည်ဟု အသိပေးထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများသည် ပြည်သူလူထုများအပေါ် အခွန်အခများကို ဆက်လက်ကောက်ခံလျက်ရှိသည်ကို မြေပြင်သတင်းများအရ ကြားသိရ၍ သတိပေးဖောက်ခွဲမှုကို အောက်တိုဘာ ၁၅ရက်နံနက်က ပြုလုပ်ခဲ့သည်ဟုဆိုသည်။

သတိပေးဖောက်ခွဲမှုကို မည်သည့်နေရာတွင် ပြုလုပ် သည် ဗုံးခွဲမှုကြောင့် ထိခိုက်မှုရှိမရှိ အခြေအနေများကိုမူ KNDF လွိုင်ကော်ဇုန်၏ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။