Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ကောင်စီခေါင်းဆောင်တက်ရောက်ခွင့်ရမလား

စစ်ကောင်စီရဲ့ မိတ်ဆွေအများစုပါတဲ့ အာဆီယံကတောင် လာမယ့် ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်ကို ပေးတက်သင့် မသင့် စဉ်းစားရတဲ့အခြေအနေကိုဆိုက်နေပါတယ်။

မိတ်ဆွေအနည်းငယ်နဲ့ နေလို့ရတယ်လို့ ကြုံးဝါးတဲ့ စစ်ကောင်စီဟာအပိုင်တွက်ထားတဲ့ မိတ်ဆွေနိုင်ငံတွေရဲ့ ဆက်ဆံရေးကြဲတာကိုကြုံနေပါပြီ။

စစ်ကောင်စီရဲ့ မိတ်ဆွေအများစုပါတဲ့ အာဆီယံကတောင် လာမယ့် ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်ကို ပေးတက်သင့် မသင့် စဉ်းစားရတဲ့အခြေအနေကိုဆိုက်နေပါတယ်။

ဒါဟာ စစ်ခေါင်းဆောင် ကိုယ်တိုင်သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်မပေးတာကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲရလဒ်ပါ။

အာဆီယံဟာ မြန်မာပြည်သူတွေ အပြင်းအထန်ကန့်ကွက်နေတဲ့ကြားထဲက ဧပြီလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်ကိုလက်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးကို ဖြေရှင်းဖို့အချက် ၅ ချက်ဆိုပြီး ချမှတ်ပါတယ်။

သဘောတူညီချက်တွေဟာ အကြမ်းဖျင်းအားဖြင့် အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့ ၊ သက်ဆိုင်ရာအစုအဖွဲ့တွေကြား ဆွေးနွေးမှုတွေလုပ်ဖို့ ၊ အာဆီယံ ကိုယ်စားလှယ်ခန့်ကာ ကြားဝင်ညှိနှိုင်းမှုတွေလုပ်ဖို့ ၊ အာဆီယံက လူသားစာချင်းစာနာထောက်မှုအကူအညီတွေပေးဖို့ ၊ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရင်တွေ့သင့်တွေ့ထိုက်သူအားလုံးနဲ့တွေ့ခွင့်ရဖို့ တို့ပါဝင်ပါတယ်။

ဒီသဘောတူညီချက်တွေထွက်လာတာကို အမေရိကန်အပါအဝင်အနောက်အုပ်စုနဲ့ ၊အာဆီယံ ဒေသတွင်းမှာ သြဇာဖြန့်ကျက်လာတဲ့ တရုတ်ကလည်း ထောက်ခံကြပါတယ်။

ဒီသဘောတူညီချက်တွေကို စစ်ကောက်စီ လိုက်နာနိုင်ဖို့ အာဆီယံကိုလည်း တိုက်တွန်းကြတာတွေရှိခဲ့ပါတယ်။

ဒါပေမယ့် အစည်းအဝေးပြီးလို့ ၅ လကျော်ကြာတဲ့အထိ စစ်ကောင်စီဘက်က အကောင်အထည်မဖော်ပါဘူး။

ဒါကြောင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့ စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးပေးတက်ဖို့ ခက်ခဲလိမ့်မယ်လို့ အောက်တိုဘာလဆန်းပိုင်းက ပထမဦးဆုံး ထုတ်ပြောလာပါတယ်။

ဒီလိုအခြေအနေမှာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာလည်းစစ်ကောင်စီနဲ့ညှိမရလို့ ပျက်သွားတာကြုံလာပါတယ်။

ခရီးစဉ် အထမမြောက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရတဲ့အချက်ကြောင့်ဖြစ်တယ်လို့ သံတမန်တွေကို ကိုးကားပြီး နိုင်ငံတကာသတင်းမီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုရင်ဆိုင်နေရတဲ့သူဖြစ်လို့ ဥပဒေအရ ပေးတွေ့လို့ မဖြစ်ဘူးလို့ ပြန်ရှင်းပါတယ်။

တခြားသောနိုင်ငံတွေမှာဆို အမှုရင်ဆိုင်နေရတဲ့အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ သီးခြား တွေ့ဆုံခွင့်ရနိုင်မလား ဆိုပြီး မီဒီယာကတဆင့်စစ်ကောင်စီ ပြန်ကြားရေးခေါင်းဆောင်ကမေးခွန်းတောင်ထုတ်ခဲ့တာတွေ့ရပါတယ်။

ညှိနှိုင်းမှုတွေ အဆင်မပြေလာတဲ့အခါ အာဆီယံဟာ ဒီနေ့ညနေပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးခေါ်ပြီး ဒီလကုန်ပိုင်းမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ချပ်လှပ်ထားဖို့ ဆွေးနွေးပါတော့တယ်။

ဒီအစည်းအဝေးမှာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အသေးစိတ်ကို ထပ်မံဆွေးနွေးမှာဖြစ်ပြီး တစုံတရာတိုးတက်မှုမရှိရင် စစ်ခေါင်းဆောင် ထိပ်သီးအစည်းအဝေး တက်မှာကို မလိုလားဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးမစတင်မီမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအနေနဲ့ အလျော့ပေးလိုက်ရင် အာဆီယံအဖွဲ့အစည်းအပေါ် အများယုံကြည်မှု လျော့ကျသွားမယ်လို့ ပြောထားပါတယ်။

အစည်းအဝေးကို စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးတက်ရောက်မှာဖြစ်ပြီး ရလဒ်ကို နာရီပိုင်းအတွင်းသိရမှာပါ။

ဒီအစည်းအဝေးမတင်မီ ၁ ရက်အလိုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က အာဆီယံအထူးကိုယ်စားလှယ်ဆီ ဖုန်းဆက်ပြီး အာဆီယံသဘောတူညီချက်တွေကိုစစ်ကောင်စီ တာဝန်ခံမှုရှိဖို့နဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ တွေ့သင့်တဲ့တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာရှိပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ မကြုံစဖူး နိုင်ငံတကာ ဖိအားတွေ ရင်ဆိုင်နေရတာကို လေပေါင်လျှော့တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံ ကိုယ်စားလှယ်ကိုတွေ့ဆုံခွင့်ပြုပြီး ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ကိုရယူမလားဆိုတာ အားလုံးစောင့်ကြည့်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စု Wilson Center’s Asia Program ရဲ့ အများပြည်သူမူဝါဒဆိုင်ရာ သုတေသီ ကိုရဲမျိုးဟိန်းက စစ်ကောင်စီ ထိပ်သီးအစည်းအဝေးကိုတက်ခွင့်မရရင် သူရဲ့ နိုင်ငံတကာ တရားဝင်မှုဟာ ယိမ်းယိုင်သွားမယ်လို့ သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။