Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်တပ်စစ်ကြောင်းကို KIA၊KPDF တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ရဲဘော်တွေ စစ်တပ်ကို တိုက်ခိုက်ပစ်ခတ်ဖို့ ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၇၊၂၀၂၆။မိထက်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

‌မနေ့က ဇွန်လ ၆ရက် ညနေမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။အဲဒီစစ်ကြောင်းက ဇွန်လ ၄ရက်မှာ မိုးကြိုးပစ်ခံခဲ့ရပြီး ငါးဦးသေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပေမယ့် လူထုနွေဦးက အတည်မပြုနိုင်ပါဘူး။

” ဖြစ်ဖြစ်ချင်းတော့ လန့်ကုန်တာ။ ခဏနေတော့ KPDF ဘက်က သတင်းထုတ်လာတယ်။ စစ်တပ်ရှိတဲ့နေရာကို တိုက်တာဆိုပြီး။ပြန်ကြားကတာကတော့ စစ်တပ်ဘက်မှာ သေတာရှိတာ ဟုတ်တယ်။ နောက်ပြီး အဲဒီစစ်ကြောင်းက မိုးကြိုးမှန်ထားတဲ့စစ်ကြောင်း ဟုတ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က အင်အားတွေဖြည့်တင်းနေတဲ့ ဖားကန့်ဒေသမှာ မေလလယ်ခန့်ကနေ ဇွန်လဆန်းပိုင်းအထိ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတာကနေ ယခုတကြိမ် ပြန်ဖြစ်တာပါ။

မနေ့က တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဖားကန့်ဒေသ စစ်ရေးသတင်းတွေဖော်ပြပေးနေတဲ့ KPDFနဲ့ နီးစပ်သူတစ်ဦးက ယူမာကျေးရွာကစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရလဒ်ကောင်းမွန်တယ်လို့ လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။

အဲဒီတိုက်ခိုက်မှုမတိုင်ခင် ဇွန်လ ၆ရက်မနက်ပိုင်းက ဖားကန့်မြို့နယ်မှာရှိတဲ့ KIA တပ်မဟာ(၉) တပ်ရင်း (၃၁) နယ်မြေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်၊ ရှမ်းနီတပ်(SNA)၊ ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေ အင်အား ၂ထောင်နီးပါးရှိနေပါတယ်။ စစ်အုပ်စုတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ဗုံးကြဲနေသလို စစ်တပ်က လည်း လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဖားကန့်ဒေသကို မြစ်ကြီးနား- မိုးကောင်း-ဖားကန့်လမ်းကတဆင့် စစ်မှုထမ်းသင်တန်းဆင်း ၃၀၀၀ ထက်မနည်း စစ်တပ်က ထပ်မံပို့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စစ်မှုထမ်းတပ်သားတွေအ‌နေနဲ့ စစ်မြေပြင်ရောက်ရှိပါက အလင်းဝင်ဖို့နဲ့ လက်နက်ချကြဖို့ KPDF နဲ့ နီးစပ်သူတွေကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေ့ကူမှာလည်း စစ်တပ်စခန်းတွေ သိမ်းပိုက်နိုင်ဟု သတင်းရင်းမြစ်ပြော

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ် ပြုလုပ်နေပြီး ဒေသအချို့မှာ စစ်ရေးတင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း ၊ယောဒေသ၊ဂန့်ဂေါမြို့နယ် လယ်မရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ပျူစောထီးတဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းမိခဲ့ပါတယ်။