ဇွန်-၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အိမ်စီးကား ချောင်းဖြတ်ကူးစဉ် မျောပါလို့ ကားပေါ်လိုက်ပါလာတဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။
ဇွန်လ ၅ ရက်ည ၇ နာရီ ၄၅ မိနစ်ခန့်ကနတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ရွာချောင်းအတွင်း အိမ်စီးကားတစ်စီး ဖြတ်ကူးစဉ် ရေစီးနဲ့အတူ မျောပါသွားခဲ့ကြောင်း၊ ကားပေါ်ပါ အမျိုးသား ၄ ဦးအနက် ၃ ဦး ကယ်ဆယ်နိုင်ခဲ့ပေမဲ့ အမျိုးသား ၁ဦးမှာ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“မကွေးကအပြန် တံခွန်တိုင်ချောင်းရေကြီးတုန်း ရေစီးနဲ့အတူ ကားရောလူပါ မျောပါသွားတာ။

Public Service Announcement
တံခွန်တိုင်ချောင်းရေ ကျရင် ဖြတ်လို့ မရဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ နတ်မောက်မြို့က ထွန်းတောက်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ကျောင်းဆရာဦးဝင်းမော်ဖြစ်ပြီး ၎င်းရဲ့ရုပ်အလောင်းကို ၁နာရီကျော်အကြာမှာ ဆယ်ယူတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းပေါ်မှာ တောင်ကျချောင်းရေကြောင့် ကားတစ်စီးမျောပါပြီး လူ ၁၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။


















































