သတင်း မတူပီမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲနေ ချင်းပြည်နယ်၊ မတူပီမြို့ပေါ်တနေရာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၁၂ရက် နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာ၊ Y-12နဲ့ပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ludunwayooဒီဇင်ဘာ 13, 2025
သတင်း ရွှေဘိုမြို့မှာ စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲပြီး ငွေမပေးနိုင်သူတွေကို လေ့ကျင့်ရေးတပ်ကို ပို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဥ်-၂၀ အတွက် လမ်းပေါ်သွားလာသူတွေနဲ့ စျေးဆိုင်တွေမှာ အလုပ်လုပ်နေသူ လူငယ်အများအပြားကို ပေါ်တာဆွဲဖမ်းဆီးပြီး အမှတ်(၈)လေ့ကျင့်ရေးတပ်ကို ပို့ဆောင်နေတယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 13, 2025
သတင်း ကောလင်းနယ်အရှေ့ခြမ်း စစ်တပ်လေကြောင်းတိုက်လို့ ကလေးမိခင်တစ်ဦး သေဆုံး၊ ၂ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက ကန်ဘောက်တာကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးမိခင်တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 13, 2025
သတင်း လာမယ့်နှစ်မှာ မြန်မာ့လူဦးရေရဲ့ ၁၂ သန်းကျော် ဆာလောင်မွတ်သိပ်မှုဒဏ် ခံစားရမယ်လို့ WFP သတိပေး လာမယ့် နှစ် ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၂ သန်းကျော်ဟာ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ကြုံတွေ့ခံစားရ နိုင်တယ်လို့ မြန်မာနိုင်ငံရဲ့အခြေအနေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP)ကဒီဇင်ဘာ လ ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။ ludunwayooဒီဇင်ဘာ 13, 2025
သတင်း မြောက်ဦးဆေးရုံတိုက်ခိုက်ပြီးနောက်ရက် စစ်တပ်က ကျောက်ဖြူနယ်ကို ဗုံးထပ်ကြဲလို့ ပြည်သူ ၈ဦးသေဆုံး ရက္ခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက် တရက်မှာဘဲ ကျောက်ဖြူမြိုနယ်၊ င/လုံးစု ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲခဲ့လို့ ပြည်သူ ၈ဦးသေဆုံးပြီး ၁၀ဦး ခန့်ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ကနဦးသတင်းထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 13, 2025
သတင်း မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှု မြေပြင်သက်သေမှတ်တမ်းတွေ ပေးပို့ဖို့ NUG တောင်းဆို အာဏာသိမ်းစစ်အုပ်စုကျူးလွန်တဲ့ မြေပြင် သက်သေမှတ်တမ်းတွေဟာ အရေးယူအပြစ်ပေးခံရနိုင်ဖို့အဓိကကျကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ခံပြီး မြောက်ဦးဆေးရုံ လေကြောင်း တိုက်ခိုက်ခံရမှု မြေပြင်သက်သေ မှတ်တမ်းတွေ ပေးပို့နိုင်ကြောင်း တောင်းဆိုခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 13, 2025
သတင်း ကရင်နီပြည်မှာ စစ်ကောင်စီလေယာဉ်ဗုံး မပေါက်ကွဲ၍ KNDF ရှင်းလင်းဖယ်ရှား ကရင်နီပြည်က အရပ်သားပြည်သူတွေနေတဲ့ ကျေးရွာကို လေ ကြောင်းကနေ စစ်ကောင်စီကြဲတဲ့ဗုံး မပေါက်ကွဲတာကြောင့် ရှင်းလင်းတူးဖော်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၅)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 13, 2025
သတင်း ရွှေဘိုမှာ စပါးရိတ်စက်လာလုတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးအဖွဲ့ တိုက်ပွဲဖြစ် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စပါးရိတ်စက် လာလုတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ပြောပါတယ်။ ludunwayooဒီဇင်ဘာ 13, 2025
သတင်း တီးတိန်မှာ စစ်ကောင်စီတပ်သားသစ် ၂ဦး လက်နက်ယူလာပြီး PDF ဇိုလဲန်းထံ အလင်းဝင် ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းက စစ်ကောင်စီတပ်သားသစ် ၂ဦး အလင်းဝင်လာကြောင်း PDF ဇိုလဲန်းက ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 13, 2025
သတင်း မြောက်ဦးဆေးရုံဗုံးကြဲခံရမှု လက်တုန့်ပြန်မယ်လို့ AA ပြော မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် အာဏာသိမ်းစစ်တပ်တာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်သွားမယ်လို့ AAက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 12, 2025