Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်မှာ စစ်ကောင်စီလေယာဉ်ဗုံး မပေါက်ကွဲ၍ KNDF ရှင်းလင်းဖယ်ရှား

ကရင်နီပြည်က အရပ်သားပြည်သူတွေနေတဲ့ ကျေးရွာကို လေ ကြောင်းကနေ စစ်ကောင်စီကြဲတဲ့ဗုံး မပေါက်ကွဲတာကြောင့် ရှင်းလင်းတူးဖော်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၅)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ-၁၂ ၊၂၀၂၅၊ဇော်ဝင်း/People’s Spring

ကရင်နီပြည်က အရပ်သားပြည်သူတွေနေတဲ့ ကျေးရွာကို လေ ကြောင်းကနေ စစ်ကောင်စီကြဲတဲ့ဗုံး မပေါက်ကွဲတာကြောင့် ရှင်းလင်းတူးဖော်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၅)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကြဲတဲ့ အဲဒီဗုံးဟာ စစ်ရေးသုံးပစ်မှတ်တွေမဟုတ်ဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ပစ်ချခဲ့တာလို့ KNDFက ဆိုပါတယ်။

နိုင်ငံအနှံ့တိုက်ပွဲတွေ ပိုပြင်းထန်လာတာနဲ့အမျှစစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို အလွန်အကျွံအသုံးချလာတယ်လို့ KNDF တပ်ရင်း(၅)က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးပစ်မှတ်သာမကဘဲ ကျေးရွာ၊အရပ်ဘက်၊စစ်ရှောင်စခန်းတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်နေတာက အခု အကြောင်းအရာက သက်သေဖြစ်တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ လေယာဥ်ဗုံးကို ရှင်းလင်းခဲ့တဲ့ရွာ ဖြစ်စဥ်အခြေအနေနဲ့ပတ်သက်လို့ KNDF တပ်ရင်း(၅)ထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

KNDFတပ်ရင်း(၅)ဟာ KNDFရဲ့ ဗျူဟာအမှတ် (၆)မှာပါဝင်ပြီး ဘောလခဲနဲ့ ဖရူဆိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

လတ်တလောမှာ စစ်ကောင်စီက ဖရူဆိုနဲ့ ဘောလခဲ မြို့နယ်တွေဘက်ကို ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်ထိတွေ့မှုတွေရှိနေတယ်လို့ မြေပြင်ရဲဘော်အချို့က ပြောထားပါတယ်။

“ စကစရဲ့ ရွေးကောက်ပွဲကလည်း နီးလာတယ်။ဒါနဲ့ဆက်စပ်လို့ လေကြောင်းအန္တရာယ်ကို ဂရုစိုက်ရမယ်။နောက်ပြီး ခရစ္စမတ်ကာလတွေ ပိုဂရုစိုက်ရမယ်။ဒါနဲ့ပတ်သက်လို့ ပြည်နယ်တာဝန်ရှိသူတွေ က လူထုကို အရင်ကထက်ပို သတိပေးဖို့ လိုတယ်” လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က တိုက်တွန်းပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅နှစ် ဝန်းကျင်အတွင်း စစ်ကောင်စီက ကရင်နီပြည်နယ်ကို လေကြောင်းကနေ အကြိမ်ရေ ၂၀၀၀ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ကလည်း ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၃၅ ဦး ထက်မနည်းသေဆုံးခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်မှုပေါင်း လေးထောင်ကျော်လုပ်ခဲ့မှုမှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၄၅၀၀ နီးပါး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလဆန်းက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ