သတင်း မင်းအောင်လှိုင်အဖွဲ့ကိုကြိုဆိုကြောင်း သတင်းအမှားဖြန့်ဝေနေမှုအပေါ် သတိပြုဖို့ MNDAA ထုတ်ပြန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရပ်သားအသွင်ပြောင်း သမ္မတရာထူးရယူထားတဲ့အဖွဲ့ကို ကိုးကန့်တပ်မတော်(MNDAA)က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့တယ်ဆိုတဲ့ သတင်းအမှားထွက်ပေါ်နေချိန်မှာ MNDAA သတင်းပြန်ကြားရေးဌာနက သတင်းတုတွေ Pageအတုတွေ သတိပြုဖို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ludunwayooဧပြီ 24, 2026
သတင်း ဖားကန့်မှာတိုက်ပွဲဆက်ဖြစ် ၊စစ်တပ်စစ်ကြောင်း ဒရုန်းဗုံးထိပြီးသေဆုံးထိခိုက်သူများ ဖားကန့်မှာ အာဏာသိမ်းစစ်တပ် နဲ့ KIA၊KPDF ဟာ လက်နက်ကြီးနဲ့ဒရုန်းတွေအဓိကသုံးပြီးတိုက်ပွဲဆက်လက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ludunwayooဧပြီ 24, 2026
သတင်း စက်သုံးဆီစရိတ်ဆိုပြီး စလင်းမြို့စီးပွားရေးဘဏ်က ပင်စင်စားတစ်ဦးကို ကျပ် ၂၀၀၀ ကောက်ခံနေ စက်သုံးဆီစရိတ်ဆိုပြီး စလင်းမြို့မြန်မာ့စီးပွားရေးဘဏ်က ပင်စင်စားတစ်ဦးကို ကျပ် ၂၀၀၀ ကောက်ခံနေတယ်လို့ စလင်းမြို့နယ်ဒေသခံတချို့က ပြောပါတယ်။ ludunwayooဧပြီ 24, 2026
သတင်း ငါန်းဇွန်မှာ အလှူလှည့်နေတဲ့ပြည်သူတွေကို စစ်တပ် ဗုံးကြဲလို့ ကလေးတစ်ဦး သေ၊ ၁၇ ဦး ဒဏ်ရာရ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အလှူလှည့်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ဆယ်ကျော်သက်အ၇ွယ်မိန်းကလေးတစ်ဦးသေဆုံးပြီး ကလေး ၅ ဦးအပါအဝင် ပြည်သူ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ludunwayooဧပြီ 24, 2026
သတင်း ဒေါ်အောင်ဆန်းစုကြည်ကျန်းမာနေကြောင်း သက်သေပြပေးဖို့ ပခုက္ကူဒေသခံတွေ တောင်းဆိုဆန္ဒပြ မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်းမှာ ဒေသခံပြည်သူတွေပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် Proof of life လှုပ်ရှားမှုကို ဒီကနေ့(ဧပြီ ၂၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။ ludunwayooဧပြီ 24, 2026
သတင်း ပလက်ဝကို စစ်ကောင်စီ ဗုံးကြဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က မီးဇာကျေးရွာကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooဧပြီ 24, 2026
သတင်း အာဆီယံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကို စိုးရိမ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်ကိုပြော ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာထားတယ်လို့ အာဏာသိမ်းခေါင်းဆောင်ဆို ludunwayooဧပြီ 24, 2026
သတင်း ပုသိမ်ကြီးမှာ လေပြင်းတိုက်ပြီး သစ်ပင်ပိလို့ ကလေးတစ်ဦး သေဆုံး မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ မနေ့ ဧပြီ ၂၂ရက် ညကတိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် သစ်ပင်တွေပြိုလဲပြီး ၁၁။ နှစ်အရွယ် ကလေးတစ်ဦး သစ်ပင်ပိမိပြီး သေဆုံးခဲ့ပါတယ်။ ludunwayooဧပြီ 24, 2026
သတင်း ဝက်လက်က စာသင်ကျောင်းကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲ၊ ကျောင်းသား၊ကျောင်းသူနဲ့ ဆရာမ ၁၀ဦးထက်မနည်း ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က မုဆိုးခြုံကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသား၊ကျောင်းသူတွေနဲ့ ဆရာမတွေ ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ludunwayooဧပြီ 24, 2026
သတင်း တကောင်းမှာ စစ်တပ်စစ်ကြောင်းကို PDF တွေကပြောက်ကျားဗျူဟာနဲ့တိုက်လို့စစ်သားသုံးဦးသေဆုံးပြီး စစ်သုံ့ပန်းအချို့ပါဖမ်းမိ တကောင်းမြို့ကိုပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်စစ်ကြောင်းတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောက်ကျားစနစ်နဲ့တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က သေဆုံးသူတွေရှိသလို သုံ့ပန်းအချို့ကိုလည်းဖမ်းမိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooဧပြီ 24, 2026