နိုဝင်ဘာ-၂၆၊၂၀၂၆။ကတ်သရင်း/ People’s Spring
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းက တပ်ကြပ် ၁ဦး ခင်ဦးမြို့နယ်က တော်လှန်ရေးတပ်တွေထံ ဆက်သွယ်အလင်းဝင်လာတယ်လို့ စုံစမ်းသိရပါတယ်။
အင်းတော်၊ထီးချိုင့်မြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပြီး ကောလင်းမြို့နယ်အ ရှေ့ခြမ်းကိုဝင်ရောက်လာရာကနေ အဲဒီကတဆင့် ကန့်ဘလူမြို့နယ်အတွင်းကို စစ်ကြောင်းဝင် ရောက်လာတာလို့ သိရပါတယ်။
အဲဒီထဲက စစ်တပ်ရဲ့ တပ်ကြပ် ၁ဦး ထွက်ပြေးကာ တော်လှန်ရေးတပ်တွေထံ နိုဝင်ဘာ၂၅ရက် မနေ့က ဆက်သွယ်အလင်းဝင်လာတယ်လို့ သိရပါတယ်။

Public Service Announcement
“ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကို မြို့နယ်ပကဖ က လုပ်ဆောင်ထားပါတယ်။ကောင်းကောင်းမွန်မွန် ခေါ်ထားပါပြီ။အသေးစိတ်ကို မြို့နယ်ပကဖက ထုတ်ပြန်ပါလိမ့်မယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ တကောင်းမြို့နယ်အရှေ့ခြမ်းကို ဖြတ်ချိန် တိုက်ခိုက်ခံခဲ့ရပြီး နောက် ကျေးရွာတွေကိုဝင်ကာ ပြည်သူ ၁၅ဦး ကျော်ကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ စစ်ကြောင်းငယ်တွေခွဲကာ ရှေ့ကင်းတွေချခဲ့ပေမယ့် ကောလင်းမြို့နယ်အတွင်းတိုက်ခိုက်ခံရပြီး အင်အားပြုန်းတီးမှုများခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကြောင်းဟာ ကန့်ဘလူမြို့ (၆၀၀၆) တပ်ရင်း ပြန်ဝင်သွားပြီး စံပါယ်နံ့သာအနီးနားက ကျေးရွာမှာတော့ ကာကင်းအနည်းငယ်ရှိသေးတယ်လို့ သိရပါတယ်။



























































