နိုဝင်ဘာ-၂၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ကမ်းဘေးရှိ စစ်တပ်ရဲ့အဓိကကာကင်းစခန်းကြီးတခုဖြစ်တဲ့ရွှေမင်းဂံရေတပ်စခန်းကို အာဏာသိမ်းစစ်တပ်က အခုရက်ပိုင်းအတွင်း အင်အားသုံးရာဝန်းကျင် စစ်ကူထပ်မံဖြည့်တင်းခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ၂၅ ရက်နေ့မှာစစ်တွေမြို့ပေါ်တပ်ရင်းတွေကနေကျေးတော(ရွာမ)၊ ကျေးတော(ပိုက်ဆိပ်)လမ်းအ တိုင်း စစ်ကားအစီးတဆယ်နီးပါးနဲ့ အင်အားဖြည့်ခဲ့တာလို့သိရပါတယ်။
“ဒကစထဲကယူလာတာနဲ့တူတယ်။တပ်ထိန်းဂိတ်(မြို့ဝင်တပ်နယ်ဂိတ်)ဘက်ကလာတာ စစ်ကားတွေ။တချိန်တည်းမှာပို့တာတော့မဟုတ်ဘူး။ မနက်ပိုင်းနှစ်စီး၊သုံးစီး၊ညနေနှစ်စီး၊သုံးစီးခွဲပြီးပို့တာ။အင်အားသုံးရာလောက် ရွှေမင်းဂံထဲကို ပို့တယ်ပြောကြတယ်”လို့ စစ်ရေးနဲ့ နီးစပ်တဲ့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်က ရွှေမင်းဂံရေတပ်စခန်းကိုစစ်ကူ အင်အားဖြည့်နေတဲ့အပြင် လမ်းတလျှောက်ရှိ မြစ်ကမ်းတလျှောက်မှာလည်း စစ်စခန်းတွေ တိုးချပြီး ဘန်ကာတွေဆောက်နေကြတယ်လို့ ဆိုပါတယ်။ “ကျေးတောကအိမ်တွေကို အ
ကုန်ဖျက်ပြီးတော့ စခန်းတွေ လုပ်နေကြတာ” လို့ ဒေသခံတဦးကပြောပါတယ်။
လက်ရှိမှာ AA ဟာ ရွှေမင်းဂံရေတပ်စခန်းနဲ့ ကပ်ရပ်ရှိ ရွှေမင်းဂံရွာစခန်း၊ ဇော်မတက်၊ ကံ့ကော်ကျွန်းစခန်းတို့ကို ဒရုန်း၊ လက်နက်ကြီးတွေအပါအဝင် မြေပြင်ကနေပါ တိုက်ခိုက်နေပြီး တိုက်ပွဲရက်ဆက်ပြင်းထန်နေချိန် စစ်တပ်က အခုလို အင်အားဖြည့်လာတာဖြစ်ပါတယ်။
တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်က အထိနာနေပြီး ရွှေမင်းဂံရေတပ်စခန်းနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒက စ စစ်တွေ)၊ နာရီကန်တပ်ရင်းတို့အကြား လမ်းတလျှောက်ရှိ ကံ့ကော်ကျွန်းဝန်းကျင်က တပ်စခန်းအချို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။အဲဒီလို လမ်းတလျှောက်ရှိတပ်စခန်းတွေကို AA က သိမ်းပိုက်ပိတ်ဆို့ထားတာကြောင့် ရွှေမင်းဂံရေတပ်စခန်းအ တွက်စစ်ကူပို့မယ့် ကုန်းလမ်းလမ်းကြောင်းနှစ်ခုရှိတဲ့အနက် တခုဟာ ပြတ်တောက်နေရပြီဖြစ်တယ်လို့ဆိုပါတယ်။
“အရင်ကဆိုရင်ရွှေမင်းဂံကိုနာရီကန်ဘက်၊ တပ်ထဲကရော၊ကျေးတောဘက်ကရော လာလို့ရပါတယ်။ကားလမ်းကဘယ်လိုသွားသွားရတယ်။အခုကြားရတာကတော့ ကံ့ကော်ကျွန်းနားက စခန်းတွေအကုန် AA က ကလေးတွေ ရသွားပြီကြားတယ်။ သေချာတော့ မသိဘူး”လို့ စစ်ရေးနဲ့နီးစပ်တဲ့ စစ်တွေမြို့ခံက ပြောပါတယ်။
ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်က ကာကင်းစခန်းတွေ တိုက်ခိုက်ခံနေရတဲ့စစ်တပ်ဟာ ရွှေမင်းဂံရေတပ်ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ခမောင်းတောရွာဘက်နဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းတို့ကို ထိုးစစ်ဆင်ဖို့ကြိုးစားနေသလို င ပြီကျွန်း အနောက်ဘက်ကမ်းစပ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
“ခမောင်းတောဘက်ကိုတော့ထိုးမပေါက်ဘူး။ အဲဒီမှာေ ွး တွေနာနေတယ်။ ငပြီကျွန်းမှာလည်း ကိုယ့်ဘက်က အခြေအနေကောင်းတယ်။ တိုက်ပွဲတွေတော့ ဖြစ်နေတယ်” လို့ မြေပြင်မှာရှိနေတဲ့ AA သတင်းရင်းမြစ်တဦးက ပြော ပါတယ်။
ငပြီကျွန်းကမ်းကို စစ်တပ်က နောက်တကြိမ် ကမ်းထပ်တက်ဖို့ကြိုးစားနေတာတစ်ပါတ်ခန့်ရှိနေပြီဖြစ်ပြီးတိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးသူအများအပြားရှိတယ်လို့ ဆိုပါတယ်။
“ကမ်းစပ်မှာ ပြေးတန်း၊ လိုက်တန်းကစားနေသလိုဖြစ်နေကြတာတိုက်ပွဲတွေ၊ ကိုယ့်လူတွေက ဆူဆိုက်(အသေခံဒရုန်း)နဲ့ ချတာ နှစ်ဆယ်လောက်ရတယ်ပြောတယ်။စနိုက်ပါရော၊လက်နက်ကြီးရော ကျွေးထားတယ်” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။
ငပြီကျွန်းတိုက်ပွဲအတွင်း AA ဘက်ကလည်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်၊ သေဆုံးသူအချို့ရှိပြီး အရေအတွက်ကိုတော့ ထုတ်ပြောလို့မရဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။
AA ဟာ ရွှေမင်းဂံရေတပ်စခန်းဝန်းကျင် ကာကင်းတွေကို တိုက်ခိုက်နေသလို မြို့အနောက်ဘက်ရေချမ်းပြင်၊ပြင်ရှည်ရွာဝန်းကျင်ရှိ စစ်တပ်စခန်းတွေနဲ့ အဲဒီအနီးရှိ ထောက်ပို့တပ်ရင်းတို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာ ကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။
ဒါ့အပြင်စစ်တွေမြို့နယ် ငတောက်တက်၊ အမြင့်ကျွန်းကျေးရွာဝန်းကျင်တို့မှာလည်း စစ်တပ်က အင်အားအလုံးအ ရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ နာမည်ပေးခဲ့တဲ့ စစ်တပ်ရဲ့ ထိုးစစ် နှစ်လကျော်အတွင်း AA ဟာ စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခုကို သိမ်းပိုက်ပြီး စစ်တပ်သင်္ဘော ၅ စီး ထက်မနည်းကို တိုက်ခိုက်ဖျက်ဆီးထားပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ နှစ်လကျော်ရှိ ပြီဖြစ်ကာ စစ်တပ်က ထိုးစစ်ဆိုပေမယ့် မြေပြင်မှာတော့ နေရာအများစုမှာ ခံစစ်အသွင်နဲ့ ခုံခံနေရတယ်လို့ သိရပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။စစ်တပ်ဟာ စစ်ဆင်ရေးနှစ်လကျော်အတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၂ ခု ၊ စုစုပေါင်းတပ်စခန်း ၁၈ ခုထက်မနည်းကို လက်လွှတ်ထားပါတယ်။


























































