Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝကို စစ်ကောင်စီ ဗုံးကြဲ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က မီးဇာကျေးရွာကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပလက်ဝမြို့နယ်၊ ဟုန်းရွာကို စစ်တပ်က ၂၀၂၄ ဇန်နဝါရီ ၂၉ရက်မှာ လေကြောင်းတိုက်ခိုက်ပြီးနောက် မြစ်ကမ်းဘေး မီးလောင်ပျက်စီးနေတဲ့ လှေတစ်စင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ-၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က မီးဇာကျေးရွာကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့က ဧပြီ ၂၂ရက် ညနေပိုင်းမှာ ဗုံးကြဲသွားတာဖြစ်ပြီး မီးဇာကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက် တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” ကျတော်တို့ဒေသကို မကြာခဏလာကြဲနေတာ။ သသင်္ကြန်ပွဲတော်ရက်တုန်းကလည်း ကြဲတယ်။ ကျောက်တော်ဘက်လည်း ကြဲတယ်။ အထိအခိုက်‌တွေလည်းရှိပြီး တိတိကျကျသိရဖို့ လက်လှမ်းမမှီဘူး”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

Y-12လေယာဉ်နဲ့ ဗုံး ၄၀ထက်မနည်းကြဲတာလို့ ဆိုပါတယ်။

ပလက်ဝမြို့ဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေပါတယ်။စစ်ကောင်စီက ကျောက်တော်မြို့နဲ့ပလက်ဝမြို့မှာ အရပ်သားပြည်သူတွေနေထိုင်‌တဲ့ နေရာတွေကို ယခုရက်သတ္တပတ်အတွင်း ဂျက်ဖိုက်တာငါးစီး၊ Y12နှစ်စီးတို့နဲ့ တချိန်တည်းမှာ

ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့အာရက္ခတပ်တော်(AA)က ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်က မင်းတပ်မြို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေပါတယ်။လက်ရှိမှာလည်း ဖလမ်းမြို့အနီးတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအင်အားသုံး တိုက်ခိုက်နေပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးသတိပြုကြဖို့ AAနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအပြင် အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်း သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ