Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မှာ အလှူလှည့်နေတဲ့ပြည်သူတွေကို စစ်တပ် ဗုံးကြဲလို့ ကလေးတစ်ဦး သေ၊ ၁၇ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အလှူလှည့်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဂျ​က်ဖိုက်တာနဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ဆယ်ကျော်သက်အ၇ွယ်မိန်းကလေးတစ်ဦးသေဆုံးပြီး ကလေး ၅ ဦးအပါအဝင် ပြည်သူ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဧပြီ-၂၃၊၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အလှူလှည့်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဂျ​က်ဖိုက်တာနဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ဆယ်ကျော်သက်အ၇ွယ်မိန်းကလေးတစ်ဦးသေဆုံးပြီး ကလေး ၅ ဦးအပါအဝင် ပြည်သူ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့က ဧပြီ ၂၂ ရက် ညနေပိုင်းက ငါန်းဇွန်မြို့နယ်၊နတ်ကြီးကျေးရွာက အလှူရှင်လောင်းလှည့်လာတဲ့ ပြည်သူတွေကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့ရာ (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။

“ကလေးက ၁၄ ဦးလောက်ရှိတယ် ဒဏ်ရာရတာ။ အကုန်လုံးက ၁၄၊ ၁၅ လေးတွေ။ အလှူလှည့်ထဲပါကြတဲ့ ကလေးမလေးတွေ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီရဲ့ စာရင်းမှာတော့ အမျိုးသမီး ၉ ဦး၊အမျိုးသား ၃ ဦး ၊ကလေး ၅ ဦး ဒဏ်ရာရပြီး ကလေးတစ်ဦးကတော့ ဒဏ်ရာပြင်းတယ်လို့ သိရပါတယ်။

ဒီကနေ့ဟာ အလှူကြီးနေ့ဖြစ်ပေမဲ့ အလှူမလုပ်ရဲတော့တာကြောင့် ပွဲပျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ တော်လှန်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီကနေ့မှာလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်း‌သား၊ကျောင်းသူနဲ့ ဆရာမ ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ