Hi, what are you looking for?
စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့ ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၁) မှာ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လူငယ်တွေဟာ အခက်အခဲကြားက ပညာဆက်လက်သင်ယူပြီး အဝေးသင်တက္ကသိုလ် ဖြေဆိုရာ အောင်မြင်မှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆရာမ ဂျာထွယ်ပန်က ပြောကြားပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ နေ့တိုင်းနီးပါး ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၁ရက်နေ့ကနေ ၁၀ရက်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၈ဦးထက်မနည်း သေဆုံးကာ ၃၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။