Connect with us

Hi, what are you looking for?

သတင်း

မတ္တရာ အနောက်ခြမ်းမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒရုန်းနဲ့ နေအိမ်တွေပေါ် ဗုံးကြဲ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက မိုးကြိုးရွာနဲ့ စိန်ပန်းကုန်းရွာကြားမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ရွာကို ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်-၁၉၊ ၂၀၂၆။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက မိုးကြိုးရွာနဲ့ စိန်ပန်းကုန်းရွာကြားမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ရွာကို ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၇ ရက်က မတ္တရာမြို့နယ် အနောက်ခြမ်း ရှင်လှရွာက ပျူစောထီးနဲ့ စစ်အုပ်စု ၇ဦးဟာ ကျေးရွာတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာစဉ် စိန်ပန်းကုန်းနဲ့ မိုးကြိုးရွာကြားမှာ မတ္တရာမြို့နယ်ပကဖက ဆီးကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မျက်မြင် စစ်သားနှစ်ဦး သေဆုံးပြီး အဲဒီတပ်က ရှင်လှရွာထဲပြန်သွားပြီး မနေ့က မိုးကြိုးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ရွာထဲက အိမ်တွေ ပေါ်ကိုလိုက်ကြဲတာ။ ဗုံးခိုကျင်းကြောင့် လူတွေလွတ်သွားတာ။ နေအိမ် ၆လုံး မီးလောင်ပြီး ဒဏ်ရာရတဲ့သူ ၂ယောက်လောက် ရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က ကျေးရွာတွေမှာ တရွာကို ၁၀ဦး၊ ၁၅ဦးနဲ့ တပ်ဖြန့်တပ်စွဲထားတယ်လို့ သိရပါတယ်။ ကျေးရွာဒေသခံတွေကို နေအိမ်ပြန်ဝင်ပါက တအိမ်လျှင် ငွေကျပ် ၃၀,၀၀၀ တောင်းပြီး ရွာထဲပြန်နေခိုင်းကာ မကြာခဏ ဆက်ကြေး တောင်းတာ တွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။