Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တနေရာကို မတ်လ ၁၈ရက် ညနက်ပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး စစ်ရေးအခြေနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် မီးလောင်ပျက်စီးသွားတဲ့ သီပေါမြို့ရှိ နေအိမ်အချို့ကို ၂၀၂၅ အောင်တိုဘာ ၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − PSLF/TNLA

မတ်-၁၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တနေရာကို မတ်လ ၁၈ရက် ညနက်ပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး စစ်ရေးအခြေနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၈ရက် ည ၉နာရီခန့်မှာ သီပေါမြို့နယ် နောင်အိန်ရွာအနီးကို ရှော့တိုက်ဒုန်းနှစ်လုံးကျရောက်ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။

” ဝှီဆိုကြားပြီးမှ ပေါက်ကွဲတာ။ဝှီးဆိုတဲ့ လေချွန်သံလို အသံနဲ့ မီးတန်းကြီးပါ တွေ့တာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီ‌နေ့ မတ်လ၁၉ရက် မနက်ပိုင်းမှာလည်း စစ်ရေးသတိပြုနေထိုင်ကြဖို့ဒေသခံအချင်းချင်း သတိပေးနေကြပြီး အခြေအနေတွေကရှင်းရှင်းလင်းလင်းမရှိဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သီပေါမြို့ဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကျောက်မဲနဲ့ လားရှိုးမြို့ကြားမှာရှိပါတယ်။တအာင်းတပ်TNLAဟာ ၂၀၂၃ခုနှစ် အောက်တိုဘာ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့ မြို့တွေထဲမှာ သီပေါမြို့ပါခဲ့ပါတယ်။

၂၀၂၅ အောက်တိုဘာမှာတော့ တရုတ်အစိုးရဖိအားကြောင့် TNLAက ဆုတ်ခွာသွားသလို စစ်တပ်က ပြန်လည်း ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့် ငါးလခန့်ကြာတဲ့အထိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားစနစ်တကျ မလည်ပတ်နိုင်သေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ရက်က သီပေါမြို့ပြင်ဘက်မှာ တောမီးလောင်နေစဉ် မြေမြှပ် မိုင်းတွေပေါက်ကွဲခဲ့ပါတယ်။ဒေသခံတွေက တိုက်ပွဲဖြစ်တယ်လို့ ထင်သလို စစ်ကောင်စီတပ်တွေကလည်း သူတို့ကို လာရောက်ပစ်ခတ်တယ်ထင်ပြီး လက်နက်ကြီးနဲ့ရော သေနတ်နဲ့ပါ ပြန်ပစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မတ်လ ၁၈ရက်ညက ပေါက်ကွဲမှုဟာ လက်ကျန်စစ်လက်နက်ပစ္စည်းပေါက်ကွဲမှုလို့ကြားရကြောင်း သီပေါမြို့က စစ်ကောင်စီရွေးကောက်ပွဲဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်က လူမှုကွန်ရက်မှာ ပြောထားပါတယ်။ အဲဒီပြောဆိုမှုအပေါ် ဒေသခံတွေက ကန့်ကွက်ပြီး မြေပြင်အခြေအနေကိုသေချာလေ့လာဖို့ ပြောဆိုနေကြပါတယ်။

သီပေါမြို့အတွင်းမှာ စစ်တပ်က တပ်စွဲထားပြီး မြို့ပြင်ဘက်နဲ့ မြို့နယ်အတွင်း ကျေးရွာတွေမှာ ရှမ်းတပ် SSPP နဲ့ ကိုးကန့်တပ် MNDAA တို့ တပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့မတ်လ ၁၁ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ SSPP တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တရုတ်အစိုးရကပြန်ပေးခိုင်းလို့ MNDAAက ပြန်ပေးပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီ ပထမလပတ်က ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်မှု ၃ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့က ဒုဌဝတီမြစ်ဆိပ်နှစ်နေရာမှာ ‌သုံးရက်အတွင်း စက်လှေ နဲ့ ဖောင်နစ်မြုပ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။