Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မှာ နှစ်ရက်ဆက်တိုက်ဗုံးကြဲခံရလို့ အရပ်သားတစ်ဒါဇင်ကျော်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာမတ်လဒုတိယပတ်အတွင်း နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၂၀ ကျော် ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက မနေ့ (မတ်လ ၁၈ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU

မတ် – ၁၉ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာမတ်လဒုတိယပတ်အတွင်း နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၂၀ ကျော် ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက မနေ့ (မတ်လ ၁၈ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကိုတော့ မတ်လ ၁၀ ရက်နဲ့ မတ်လ ၁၁ ရက်တို့မှာကြုံရတာလို့ KNU ကဆိုပါတယ်။

မတ်လ ၁၀ ရက် ညနေ ၅ နာရီခွဲအချိန်က ဘူးသိုမြို့နယ် ၊ နီဒိုထကျေးရွာ ဗုံးကြဲခံရပြီး ခရစ်ယာန်သမ္မာကျမ်းစာသင်ကျောင်းတစ်ကျောင်း၊ အရပ်သားနေအိမ် ၂၁ လုံး ထိခိုက်ပျက်စီးတယ်လို့ KNU က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နောက်ရက် မတ်လ ၁၁ ရက် မနက်ပိုင်း ၁၀ နာရီခွဲမှာ ဒွယ်လိုးမြို့နယ်၊ မာလေးလာကျေးရွာအုပ်စုထဲက ကျေးရွာတွေ ဗုံးကြဲခံရပြီး အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရသလို ကားနှစ်စီး ပျက်စီးသွားတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲဒီနေ့နေ့ခင်း ၃ နာရီအချိန်မှာပဲဒွယ်လိုးမြို့နယ်၊မာလေးလာကျေးရွာ အုပ်စု ၊ ထာလားခိုဒေသထဲကို လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ KNU က အသိပေးပါတယ်။

KNU ရဲ့အုပ်ချုပ်ရေး နဲ့ စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရ မူတြော်( ဖာပွန်)ခရိုင်ဟာ KNU တပ်မဟာ (၅) ရဲ့ နယ်မြေဖြစ်ပါတယ်။

ဖာပွန်ခရိုင်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုတွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပြီးမှာမြင့်တက်လာတယ်လို့တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

“ရွေးကောက်ပွဲပြီးတော့ သူတို့(စစ်တပ်)ဖွဲ့စည်းမယ့်အစိုးရလက်ထဲကို အာဏာမလွှဲခင်ပေါ့လေ၊ ပြောရမယ်ဆိုရင်တော့ တော်လှန်တဲ့အဖွဲ့အစည်းတွေရှင်းအောင် သူကလုပ်ချင်တဲ့ သဘောမျိုးနဲ့တူပါတယ်” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း မတ်လ ၁၅ ရက်ညပိုင်းကလည်း ဖာပွန်ခရိုင်ထဲမှာ ဗုံးကြဲခံရတာကြောင့် တပ်မဟာ (၅) အရာရှိတစ်ဦးဖြစ်သူ စောအယ်ဒိုထူး ကျဆုံးခဲ့ရပြီး အရပ်သားသုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။