Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဓါးစာခံဖမ်းထားတဲ့ ပြည်သူ ၃၀၀ကျော်ကိုPDFနဲ့ KNLA ကယ်တင်

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးတရပ်ကို ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက ဖော်ဆောင်ခဲ့ရာ ပြည်သူ တွေကိုဘေးလွတ်ရာကယ်ထုတ်နိုင်ခဲ့ပြီး စစ်ဆင်ရေး အတွင်း တော်လှန်ရေးရဲဘော် ၁၁ဦး ကျဆုံးခဲ့ကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်ဝင်ဒေါင်းတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်က လူသားတံတိုင်းလုပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေကို တော်လှန်​ရေးအဖွဲ့​တွေကကယ် တင်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NUG-MOD )

■ စစ်တပ်မှ၁၀ ဦး​ကျော်​​သေဆုံး၂၀ ​ကျော်ဒဏ်ရာရပြီး PDF နဲ့ KNLA ရဲ​ဘော်၁၁ဦးကျဆုံး

မတ် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးတရပ်ကို ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက ဖော်ဆောင်ခဲ့ရာ ပြည်သူ တွေကိုဘေးလွတ်ရာကယ်ထုတ်နိုင်ခဲ့ပြီး စစ်ဆင်ရေး အတွင်း တော်လှန်ရေးရဲဘော် ၁၁ဦး ကျဆုံးခဲ့ကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်ဝင်ဒေါင်းတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ မတ်လ ၅ရက်မနက်မှာ ညောင်လေးပင်မြိုနယ် ရေတွင်းကုန်း၊ ခရုကုန်း နဲ့ ကျောင်းကုန်း ကျေးရွာတွေကို အင်အားအများအပြားနဲ့ ဝင်ရောက်ခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ တပ်မ (၇၇) ဦးဆောင်တဲ့ အင်အား ၁၀၀ ပါ စစ်ကြောင်း ၄ကြောင်း ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။ စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးပြည်သူ ၄၀ ကျော်ရှိရာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဓားစာခံ ဖမ်းထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၃) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း၍ ကယ်ထုတ်နိုင်ခဲ့ကြောင်း အသိပေးပါတယ်။

ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း၊တောကျီးကန်းတပ်ရင်း၊ ၃၇၀၃တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့များ၊ KNLA တပ်ရင်း (၇)၊ တပ်ရင်း (၉)နဲ့ ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပြီး “ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး” အဖြစ် ဆောင်ရွက်ခဲ့တာပါ။

အဲဒီစစ်ဆင်ရေးအတွင်းပဲခူးတိုင်းစစ်ဌာနမှ ရဲဘော် ၉ ဦး၊ KNLA တပ်ရင်း (၇) နဲ့ တပ်ရင်း (၉)မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၇ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်းလည်း တော်ဝင်ဒေါင်းတပ်ရင်းက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကလည်း၁၀ယောက်ကျော်သေဆုံးပြီးအယောက် ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပြည်သူ ၃၀၀ ကျော်အား ထိခိုက်မှုမရှိ ဘေးရန်ကင်းစွာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်များကလွတ်မြောက်ရာဒေသများသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ တော်ဝင်ဒေါင်းတပ်ရင်းက ထုတ်ပြန်ပါတယ်။

ပြည်သူကိုကယ်ထုတ်သောစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးက ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ရာစစ်ဆင်ရေးအတွင်း ပဲခူးတိုင်းစစ်ဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ဘက်မှ ထိခိုက်

ကျဆုံးမှုများ ရှိခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ(၁၀)ယောက်ကျော် သေဆုံးပြီး အယောက် ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်း အသိပေးထားပါတယ်။

လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေတွေကြောင့် တော်ဝင်ဒေါင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ်လိုအပ်ချက်များ ရှိနေကြောင်းလည်းတော်ဝင်ဒေါင်းတပ်ရင်းက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။