Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ကျဥ်းတွေလွှတ်ပေးရေး စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒပြ

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု

မတ်- ၁၀၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေလွှတ်ပေးရေး တောင်းဆိုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၀)မှာ ပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး “စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကျဆုံးရေး” အလံမလိပ် အသံမတိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း စစ်တပ်ရဲ့ ဖမ်းဆီး အကျဉ်းချခံနေရသော အကျဉ်းထောင်တွင်းမှ အမျိုးသမီးတွေက အာဏာရှင်ကို တော်လှန်နေသော အမျိုးသမီးထုကို လေးစားဂုဏ်ပြုသောအားဖြင့် “သတ္တိအပြည့်နဲ့အမျိုးသမီးများ သံတိုင်ကြားက လက်ထောင်ထား” စာသားနဲ့ အမျိုးသမီးမဟာမိတ်အင်အားစုမှ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်က ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။