Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမှာ ရှမ်းတပ် SSPPနဲ့ စစ်ကောင်စီတပ် ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မတ်လ ၁၀ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အသိပေးထုတ်ပြန်ပါတယ်။

(ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)

မတ်-၁၀၊၂၀၂၆။ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မတ်လ ၁၀ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က SSPP တပ်စခန်းရှိရာ ပုံဝိုးကျေးရွာနဲ့ ကွမ်ဟင်ကျေးရွာအနီး ထိုးစစ်ဆင်လာလို့ မတ်လ ၁၀ရက် နံနက် ၁၁နာရီကျော်မှာ တိုက်ပွဲစတင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ရှိပြီး နှစ်ဖက်တိုက်ပွဲဟာ ၁နာရီကျော်ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

SSPP တပ်စခန်းတည်ရှိရာကို စစ်ကောင်စီ တပ်ထိုးစစ်ဆင်လာပြီး စတင်ပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့ နှစ်ဖက်ထိခိုက်ကျဆုံး ရှိ၊မရှိ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ပုံဝိုးကျေးရွာ ၊ ကွမ်ဟင်ကျေးရွာ ၊ တော်လေကျေးရွာနဲ့ လေလွယ်ကျေးရွာတို့မှာ စစ်အင်အား ဖြည့်တင်းနေလို့ နှစ်ဖက် စစ်ရေးတင်းမာနေကြောင်းလည်း အသိပေးထားပါတယ်။

SSPPဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားမှု မရှိသေးပါဘူး။ ဒေသအချို့မှာ ထိတွေ့တိုက်ပွဲအချို့၊ တင်းမာမှု အချို့ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ နှစ်ဖက်ပြေလည်သွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေ မေးမြန်းဖို့ SSPP ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။