မတ်-၁၀၊၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့၊ မဟာအောင်မြေကျောက်မျက်စျေးက ဆိုင်ခန်းတွေ ဒီကနေ့ညဦးပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၁၀ ရက် ညနေ ၆နာရီခွဲခန့်က မဟာအောင်မြေမြို့နယ်၊ လမ်း ၄ဝနဲ့ ၄၁ လမ်းကြား၊ ၈၇လမ်းမှာရှိတဲ့ မဟာအောင်မြေ ကျောက်မျက်ရတနာစျေးမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကျောက်ဝိုင်းအရှေ့ဘက်ခြမ်းက ဆိုင်ခန်းတွေလောင်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ည ၇နာရီကျော်မှာတော့ မီးထိန်းနိုင်ခဲ့ပေမဲ့ ဆက်လက်ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း သိရပါတယ်။ လက်တလော မီးလောင်ဆုံးရှုံးတဲ့ ဆိုင်ခန်းအရေအတွက် မသိရသေးပါဘူး။
မနေ့ညကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဈေးတန်းရပ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။


















































