Hi, what are you looking for?
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။
ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ−၂၉၊၂၀၂၅၊နေ့သစ်/People’s Spring ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ၉ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်ပြင်းနေပါတယ်။ စစ်ကောင်စီတပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တပ်ရင်းတချို့ရဲ့ အကူအညီနဲ့ အပြင်းအထန်စစ်ကြောင်းထိုးနေတယ်လို့ တပ်မဟာ(၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။ဒါကြောင့် တိုက်ပွဲ ၉ ရက်မြောက်နေ့ဖြစ်တဲ့စက်တင်ဘာ ၂၉ ရက်မှာလည်းတိုက်ပွဲအလွန်ပြင်းထန်နေတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မြဝတီမြို့စောင့်စစ်တပ် ခလရ(၂၇၅)တပ်ရင်းကနေလည်း...
ပဋိပက္ခကာလအတွင်းထိခိုက်လွယ်တဲ့အုပ်စုတွေဖြစ်တဲ့ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ လူနည်းစုအုပ်စုတွေဖြစ်တဲ့ LGBTIQ+ (လိင်စိတ်ခံယူမှု ကွဲပြားသူ)တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အကာအကွယ်ပေးနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေက ပညာပေးပိုချမှုတွေ လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။