Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ စစ်ကိုင်းတိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ သပိတ်လှုံ့ဆော်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၉)မှာ ပြုလုပ်ခဲ့ကြပါတယ်။

စက်တင်ဘာ-၂၉၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ သပိတ်လှုံ့ဆော်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၉)မှာ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းဟာ ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကို ကိုင်ဆောင်ကာ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းဟာ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တော်လှန်ပြည်သူတွေဟာ စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးချက်ချင်းလွှတ်ဖို့လည်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ဖက်စစ်ရွေးကောက်သပိတ်မှောက် တော်လှန်ရေးကိုရဲရဲလျှောက်” ၊ “အရေးတော်ပုံမုချအောင်ရမည်” ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေ နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ