Connect with us

Hi, what are you looking for?

သတင်း

ဆဒုံးမြို့ကို စစ်ကောင်စီဗုံးကြဲကလေးငယ်တွေအပါအဝင် သေဆုံးမှုများ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ဆဒုံးမြို့ကို စစ်ကောင်စီကဒီက​နေ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူများပြားတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဓါတ်ပုံ-​​ဒေသခံ

■”မင်းတို့တ​တွေ… လူမဟုတ်​တော့ဘူး”

ဒုတိယဗိုလ်ချုပ်ကြီးဂွန်​မော်

စက်တင်ဘာ−၂၉၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ဆဒုံးမြို့ကို စစ်ကောင်စီကဒီက​နေ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူများပြားတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ ဆဒုံးမြို့ကိုစက်တင်ဘာ ၂၉ရက်​နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“မြို့ပေါ် ကြဲတာ။ ကျောင်းဆင်းချိန် ပြန်လာတဲ့ ကလေးတွေထိတာပြောတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

အခြားသတင်းရင်းမြစ်တဦးကလည်း “ကလေးငယ်တွေ ပါတယ်လို့ပဲ သိရတယ်။ ကလေးငယ်တွေ ပြည်သူတွေ ထိခိုက်သေဆုံးမှုများတယ်။ ဒါပေမဲ့ အရေအတွက်နဲ့ ကျား၊ မ၊ ကလေးငယ် ခွဲခြားလို့မရသေးဘူးဖြစ်နေတာ”လို့ ဆဒုံးမြို့ လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေကို ပြောပါတယ်။

ကချင်လွတ်လပ်​ရေးအဖွဲ့၊ကချင်လွတ်လပ်​ရေးတပ်မ​​တော်(KIO/KIA)​ခေါင်း​ဆောင်တဦးဖြစ်တဲ့၊ကချင်လွတ်လပ်​ရေး​​ကောင်စီ(KIC)ဒုတိယဥက္ကဌ၊ဒုတိယဗိုလ်ချုပ်ကြီး ဂွန်​မော်ကလည်း ဆဒုံးမြို့ဗုံးကြဲခံရမှု​ကြောင့်​သေဆုံးသူ​တွေရုပ်အ​​လောင်းနဲ့မြို့​​မြေပုံ ​ကိုဖေစ်ဘွခ်လူမှုကွန်ယက်မှာ တင်ပြီး”ဆဒုံးမြို့။မင်းတို့တ​တွေ … လူမဟုတ်​တော့ဘူး”လို့ ​စစ်​တပ်ရဲ့ဗုံးကြဲသတ်ဖြတ်မှုအ​ပေါ်ရေးသားထားပါတယ်။

ဆဒုံးမြို့ကို KIAက ၂၀၂၄ ဇွန်လမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်မှုအချို့ရှိခဲ့ပါသေးတယ်။ ဆဒုံမြို့ဟာ တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ကံပိုက်တီမြို့ နဲ့ ကားလမ်းအတိုင်းသွားရင် မိုင် ၂၀ ​ကျော်ပဲကွာ​ဝေးတဲ့ တရုတ်နယ်စပ်နားကမြို့ဖြစ့်ပါတယ် ။

လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်ခဲ့တဲ့ အရေအတွက် အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။ စစ်ကောင်စီဟာ ဆဒုံးမှာ တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်လာတာလို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ KIAနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အထိနာရင် တိုက်ပွဲမဖြစ်တဲ့မြို့ရွာတွေကို လေကြောင်း တိုက်ခိုက်တာတွေလုပ်ဆောင်လေ့ရှိပါတယ်။

စက်တင်ဘာ ၂၂ရက် မွန်းလွဲပိုင်းကလည်း KIA သိမ်းထားတဲ့ လန်ဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၄ အတွင်းက KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်ရဖို့ ထိုးစစ်ဆင်လျက်ရှိရာ ကချင်ပြည်နယ် ၀ိုင်းမော် လမြန်ဒေသ၊ လန်ဆယ် အထက်ပိုင်း၊ ဖားကန့်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေပါတယ်။

ဒါ့အပြင် KIA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မှာလည်း အာဏာသိမ်းစစ်တပ်က သူတို့ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဖားကန့်ဒေသမှာလည်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်တဲ့နေရာတွေကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုတွေလုပ်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးမှုတွေမကြာခဏ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။