Connect with us

Hi, what are you looking for?

သတင်း

အညာမြေတပ်ပေါင်းစုစခန်းခွဲတခု လေကြောင်းတိုက်ခံရပြီး ရဲဘော်သုံးဦးကျဆုံး

စစ်ကောင်စီထံ ဘက်ပြောင်းသွားသူတချို့ သတင်းပေးလက်ထောက်ချလို့ အညာမြေတပ်ပေါင်းစု စခန်းခွဲတခု လေကြောင်းတိုက်ခံရပြီး ရဲဘော်သုံးဦးကျဆုံးခဲ့ရပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ ကျဆုံးခဲ့တဲ့ ရဲဘော်သုံးဦးစျာပန ကို တွေ့ရစဥ်။ဓာတ်ပုံ − အညာမြေတပ်ပေါင်းစု

စက်တင်ဘာ-၂၉ ၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကောင်စီထံ ဘက်ပြောင်းသွားသူတချို့ သတင်းပေးလက်ထောက်ချလို့ အညာမြေတပ်ပေါင်းစု စခန်းခွဲတခု လေကြောင်းတိုက်ခံရပြီး ရဲဘော်သုံးဦးကျဆုံးခဲ့ရပါတယ်။

စက်တင်ဘာ ၂၈ ရက် ညပိုင်းက မကွေးတိုင်း၊ မြိုင်နဲ့ ကမ္မမြို့နယ်ကြားမှာရှိတဲ့ အညာမြေတပ်ပေါင်းစု စခန်းခွဲတခုကို ပါရာမော်တာနဲ့ ဗုံးကြဲခံရတာလို့ အညာမြေတပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘို သန့်ဇင်က ဆိုပါတယ်။

“ပါရာမော်တာနဲ့ နှစ်လုံးအကြဲခံရတာမှာ စခန်းပေါ်ကို ကျရောက်ပေါက်ကွဲပြီး ကျွန်တော်တို့ ရဲဘော်သုံးဦး အသက်ဆုံးရှုံးခဲ့ရတယ်”လို့ သူက တိုက်ခိုက်ခံခဲ့ရတဲ့အပေါ် ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အသက်(၂၀)အရွယ် စခန်းမှူး ရဲဘော်သေမင်း၊ (၁၈)နှစ်အရွယ် ရဲဘော် ဗလနဲ့ အသက်(၃၄)နှစ်အရွယ် ရဲဘော် နိုင်ကြီး တို့ကျဆုံးခဲ့တာလို့ သိရပါတယ်။

စခန်းတည်နေရာအတိအကျ ဗုံးကြဲနိုင်ခဲ့တာက စစ်ကောင်စီထံ ဘက်ပြောင်းသွားသူတွေထံက ရရှိတာလို့ ကိုဘိုဘိုသန့်ဇင်က သုံးသပ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်က ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင် ပျူစောထီးကျေးရွာထဲကို တော်လှန်ရေးအဖွဲ့ဝင်အဖြစ်အမည်ခံခဲ့ကြတဲ့ မြတ်ကြီး၊ ငလင်း၊ ဖြိုးဇက်နဲ့ နိုင်းဝမ်းတို့ လေးယောက်က သေနတ် ငါးလက်ယူဆောင်ပြီး စစ်ကောင်စီထံ ဘက်ပြောင်းသွားတာ ဖြစ်ပါတယ်။

“စခ တွေဆီဘက်​ ပြောင်းသွားတဲ့ကောင်တွေက ကျွန်တော်တို့အဖွဲ့က မဟုတ်ဘူး”လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

အဖိုးတန်လှသောတဲ့ ဆုံးရှူံးမှုတွေ အတွက်ကြေကွဲခံစားရပြီး တော်လှန်ရေးအတွက် ရဲဘော်တွေရဲ့ မိသားစုတွေအတွက် ဆုံးရှုံးမှုတွေကို ပြန်လည်တောင်းယူ ကုစားမယ်လို့ အညာမြေတပ်ပေါင်းစုက ဆိုပါတယ်။

ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေကို ထောက်ရှူပြီး တော်လှန်ရေးမှာ ရိုးသားစွာ၊ယုံကြည်စွာ၊ ခိုင်မာစွာ၊ လမ်းစဉ်မှန်စွာ ပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။