Connect with us

Hi, what are you looking for?

သတင်း

၀တပ် UWSA ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို စစ်ကောင်စီထံ အပ်

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) (၁၇၁)စစ်ဒေသက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီ ထံ အပ်နှံခဲ့တယ်လို့ UWSP/UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက လူမှုကွန်ရက်ကနေ တဆင့် ထုတ်ပြန်ပါတယ်။

UWSA တပ်ဖွဲ့ဝင်များနှင့်ဖမ်းဆီးမိ​သော မူးယစ်​ဆေးသယ်သူ၊မူးယစ်​ဆေးဝါးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- ဦးညီရမ်း​ ဖေ့စ်ဘွတ်ခ်

စက်တင်ဘာ−၂၉၊ ၂၀၂၅။ လူအေး၊ရှိုင်း/People’s Spring

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) (၁၇၁)စစ်ဒေသက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီ ထံ အပ်နှံခဲ့တယ်လို့ UWSP/UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက လူမှုကွန်ရက်ကနေ တဆင့် ထုတ်ပြန်ပါတယ်။

ဦးညီရန်းရဲ့ ထုတ်ပြန်ချက်မှာ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေလို့ ဖော်ပြထားပြီး ၂၀၂၅ ဇူလိုင်က စက်တင်ဘာအထိ(၄)ကြိမ်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို မိုင်းတုံမြို့နယ်မှာ စစ်ကောင်စီထံ လွှဲပြောင်းခဲ့တာလို့ ဆိုပါတယ်။

ပုလုံရွာအနီး ဖမ်းမိခဲ့တဲ့ စိတ်ကြွဆေး ၁ဒသမ ၅သန်းခန့်၊ မယ်ကျန့်ရွာအနီး ဖမ်းမိခဲ့တဲ့ စိတ်ကြွဆေး ၁ဒသမ ၉သန်းခန့်၊ ပုံပါကျင်မြို့နယ်၊ပါတဲ့(ခ)ဝမ်မိုင်ရွာလမ်းခွဲမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြား ၅ ဒသမ ၇သန်းခန့်၊မြန်မာ-ထိုင်းနိုင်ငံနယ်စပ်၊ နောင်ဝမ်းရွာ အနီးတွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား ၄ဒသမ ၈သန်းခန့်ကို စုစုပေါင်း မူးယစ်ဆေးဝါး အပြားရေ ၁၄ သန်းနီးပါးကို စစ်ကောင်စီထံ အပ်နှံခဲ့တာလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

၀တပ်ဖွဲ့က အခုလို မူးယစ်ဆေးဝါး လွှဲပေးတာဟာ ၂၄ကြိမ်ရှိပြီလို့လည်း အသိပေးထားပါတယ်။

၀တပ်ဖွဲ့က စစ်ကောင်စီထံမူးယစ်ဆေးဝါး အပ်ခြင်းဟာ လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်ပြီး UWSA နယ်မြေမဟုတ်တဲ့ အခြား စစ်ကောင်စီနဲ့ ပေါင်းတဲ့အဖွဲ့တွေရဲ့ ဒေသတွေမှာလည်း ဘိန်းစိုက်ပျိုးကြပြီး ဘိန်းကို အဖျက်ပြမယ့်အခင်းကို အဖျက်ပြ၊ ဓာတ်ပုံမှတ်တမ်းယူ တဲ့လုပ်ရပ်တွေတွေ့ရတယ်လို့ လေ့လာသူတဦးကပြောပါတယ်။

“ အခု ဒီမူးယစ်ဆေးဝါးက ပမာဏတော်တော်များတယ်။ များတော့ ဖမ်းမိတိုင်းလည်း စစ်တပ်ဘက်ကိုပဲ အပ်ပြီး ဖျက်ဆီးပြလေ့ပြထရှိတယ်။ UWSAက သူတို့နယ်မြေထဲမှာ တွေ့ရင်ဖမ်းတယ်။ ဖမ်းပြီးရင်လည်း တာဝန်ရှိတဲ့ လောလောဆယ် စစ်ကော်မရှင်က တာဝန်ယူထားတော့ စစ်ကော်မရှင်ကို အပ်တယ်ပေါ့။ ဟိုအရင်တုန်းကဆိုရင်လည်း ပြည်ထဲရေးဌာနကို အပ်လေ့အပ်ထ ရှိတဲ့ အနေအထားတွေ့ရတယ်။ အခုက ဖိအားတွေ တော်တော်များပြီး ကြပ်ကြပ်မတ်မတ် UWSAက လုပ်လာတာတွေ့ရတယ်။ သူတို့ ဖမ်းမိတဲ့အရေအတွက်က ကြောက်ခမန်းလိလိ တွေ့ရတယ်။ ဒါတွေက ပြောရမယ်ဆိုရင် တရားခံ ဘယ်သူလဲဟေ့ဆို စစ်တပ်မှာ တရားခံ ဘယ်က ထွက်နေတာလဲ ဘယ်ကသွားနေတာလည်း မင်းကြီးတာက ထွက်တယ်။ စစ်တပ်က လုပ်နေတာတွေ စစ်တပ်ကို သိအောင်လို့ လူသိရှင်ကြား ပြန်ပြီးတော့ လုပ်ပေးတဲ့ ပုံစံမျိုး” လို့ လေ့လာသူ က ပြောပါတယ်။

UWSAမူးယစ်ဆေးဝါး ဖမ်းဆီးမှုကို ကမ္ဘာနှင့် အိမ်နီးချင်းနိုင်ငံက သိစေရန်လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း ပြောပါတယ်။

UWSA အဖွဲ့ဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးစွပ်စွဲခံရမှု မကြာခဏ ကြုံနေရတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ရှမ်းသတင်းရင်းမြစ်တဦးက မူးယစ်ဆေးဝါးတွေဝတပ်ဖွဲ့ ထန်းချုပ်လှုပ်ရှား ဒေသမှာ ထုတ်လုတ်မှုတွေရှိနေပီး အမှန်တကယ်ဖမ်းရန်လိုတယ်လို့ မှတ်ချက်ပြုပါတယ်။

“သူ့တပ်တွေရှိတဲ့နေရာ ပတ်ဝန်းကျင်မှာ လှုပ်ရှားနေတာတွေ အများကြီးပါဗျ”လို့ ရှမ်းသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၂၀ရက်က မြန်မာ-ထိုင်းနယ်စပ်၊ ပုံပါကျင်မြို့သွားတဲ့လမ်းပေါ်မှာ UWSAက မူးယစ်ဆေးဖမ်းသယ်လာသူကိုဖမ်းဆီးတဲ့ သတင်းထုတ်ပြန်ရာမှာ သတင်းပေးသူက UWSA တပ်မဟာ ၇၇၅ကတပ်ရင်းမှူးထံ အကြောင်းကြားလို့ မူးယစ်ဆေးကုန်ကူးသူတွေရဲ့ ယာဉ်ကို လိုက်လံရှာဖွေ ဖမ်းဆီးခဲ့တာလို့ ဦးညီရန်းက ထိုစဉ်က အသိပေးထားပါတယ်။

UWSAဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေရဲ့ နောက်ကွယ်မှာ ရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထုတ်ဖော်ပြောဆိုထားပြီး အဲဒီ စွပ်စွဲချက်ကို UWSA က ငြင်းဆိုထားပါတယ်။

သက်ဆင်ကထိုင်းနိုင်ငံကို ဝင်ရောက်နေတဲ့ မူးယစ်ဆေးဝါး အားလုံးနီးပါးဟာ UWSAက ထုတ်လုပ်နေတာလို့လည်း စွပ်စွဲခဲ့ပါတယ်။သူကထိုင်းအစိုးရ အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး UWSAကို ဖြိုခွင်းပေးရေး ကိစ္စအတွက် မြန်မာဖက်ကို ဖိအားပေး တောင်းဆိုသင့်ကြောင်းလည်း ဆိုပါတယ်။ဒါပေမဲ့အဲဒီကိစ္စကိုမြန်မာဖက်ကပျက်ကွက်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို မတားနိုင်ဘူးဆိုရင်ခွင့်ပြုချက်တောင်းခံပြီးထိုင်းနိုင်ငံကိုယ်တိုင် တုံ့ပြန် အရေးယူဖို့ စဉ်းစားသင့်ကြောင်းလည်း သက်ဆင်က ဆိုပါတယ်။

ဒါဟာ သက်ဆင်က ပြည်တွင်းမှာ ကြုံနေတဲ့ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ပတ်သက်လို့ UWSAကို တိုက်ရိုက်အကျဆုံး စွပ်စွဲပြီး အပြင်းထန်ဆုံး ခြိမ်းခြောက်လာခြင်းလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့စက်လှေနှစ်စီးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးနိုင်ခဲ့ပါတယ်။