Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်က စာသင်ကျောင်း လေကြောင်းတိုက်ခံရမှု အမျိုးသမီး ၄ဦး သေဆုံး

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၄ဦးသေဆုံးပြီး ဒေသခံပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ ဒဏ်ရာရသူတဦးအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ-၂၉၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၄ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

စက်တင်ဘာလ၂၈ ရက်ညနေ ၅နာရီကျော်မှာတံတားဦးလေတပ်ကဂျက်ဖိုက်တာတစီးဟာကံတောင်ကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီးနှစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အလားတူပဲမိတ္တီလာလေတပ်ကဂျက်ဖိုက်တာတစီးဟာလည်း မာလဲကျေးရွာဆည်အနီးကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး၂ဦး သေဆုံးကာ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“လေယာဉ်နှစ်စီး ရှေ့နောက်တက်တာ။နှစ်စီးလုံးကြဲသွားတာ။အဲဒီရွာနှစ်ရွာကလည်း ကပ်လျက်ရှိတာလေ။အခုက မတ္တရာရော၊သပိတ်ကျင်းမြိုနယ်တွေက ဒီရွာ‌ တွေကို စစ်လာရှောင် နေရတာလေ”လို့ စဉ့်ကူးမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

စဉ့်ကူးမြို့နယ်၊ကံတောင်ကျေးရွာကို စစ်တပ်က ၂၀၂၄အတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ကလေ ငယ်တွေ အပါအဝင် မကြာခဏ လူသေဆုံးမှုဖြစ်ထားတဲ့ ရွာဖြစ်ပါတယ်။

မန္တလေးတိုင်းအတွင်းက သပိတ်ကျင်း၊မတ္တရာ၊မိုးကုတ်မြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေကိုလည်း နေ့စဉ် လေကြောင်းတိုက်နေပြီး ဒေသခံပြည်သူ သေဆုံးမှုတွေ ဆက်တိုက်ဖြစ် နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook