Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်တိုက်ပွဲ ၉ရက်မြောက်နေ့ပြင်းထန်နေ

လေးကေ့ကော်ဒေသမှာစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ Cobra Column 2 VENOMစစ်ကြောင်းက ရဲဘော် ၂ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ − Cobra Column 2 VENOM

စက်တင်ဘာ−၂၉၊၂၀၂၅၊နေ့သစ်/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ၉ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်ပြင်းနေပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တပ်ရင်းတချို့ရဲ့ အကူအညီနဲ့ အပြင်းအထန်စစ်ကြောင်းထိုးနေတယ်လို့ တပ်မဟာ(၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။ဒါ​ကြောင့် တိုက်ပွဲ ၉ ရက်​​မြောက်​နေ့ဖြစ်တဲ့စက်တင်ဘာ ၂၉ ရက်မှာလည်းတိုက်ပွဲအလွန်ပြင်းထန်​နေတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

မြဝတီမြို့စောင့်စစ်တပ် ခလရ(၂၇၅)တပ်ရင်းကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ကူပေးနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“၂၇၅က မစ်ဇိုင်းတွေအတွဲလိုက် ပစ်သံကြားရတယ်”လို့ ၎င်းကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အတင်းတိုးဝင် စစ်ကြောင်းထိုးနေပြီး လက်ရှိမှာ လေးကေ့ကော်မြို့အစပ်ကို ရောက်နေတယ်လို့လည်း ဆိုပါတယ်။

လေးကေကော်မြို့သစ်ကိုရဖို့အတွက် စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၁ရက်ကစတင်ပြီး စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ စစ်တပ်ဟာလေးကေ့ကော်မြို့သစ်ဆီကို စစ်ကြောင်း ၅ကြောင်းနဲ့ ထိုးစစ်ဆင်ရာမှာ BGFရဲ့ ဗိုလ်တင်ဝင်းအဖွဲ့က လေးကေ့ကော်ရဲ့ အရှေ့မြောက်ဘက် မယ်ဝါးခီးရွာဘက်ကနေ စစ်ကြောင်းကူထိုးတယ်လို့သိရပါတယ်။ BGFရဲ့ ဗိုလ်မုတ်သုန်အဖွဲ့က လေးကေ့ကော်ရဲ့ အနောက်မြောက်ဘက်က ကျောက်ဂူရွာကနေ စစ်ကြောင်းကူထိုးလာတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ၂၃ ရက်နဲ့ ၂၅ရက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲ​တွေမှာစစ်တပ်က ​သေဆုံးဒဏ်ရာရသူများပြားခဲ့တယ်လို့ ​တော်လှန်​ရေးရဲ​ဘော်အချို့ကပြောပါတယ်။ မယ်ဝါးခီးရွာဘက်က စစ်ကြောင်းထိုးလာတဲ့ BGF ဗိုလ်တင်ဝင်းတပ်ဖွဲ့ လည်းအထိနာခဲ့တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)နဲ့ PDFပူးပေါင်းတပ် စစ်ကြောင်းတွေက လေးကေ့ကော်မြို့သစ်ကို ခုခံကာကွယ်နေတာဖြစ်ပါတယ်။တော်လှန်ရေးပူးပေါင်းတပ်က ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောကိုယ်တိုင် စစ်မြေပြင်မှာ ဦးဆောင်တိုက်ခိုက်နေတဲ့ရုပ်သံ စက်တင်ဘာ ၂၆ရက်က လူမှုကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့စစ်တပ်သားသစ်တွေကို မူးယစ်ဆေးတွေကျွေးပြီးရှေ့တက်ခိုင်းတာလို့လည်းလေးကေ့ကော်ဒေသမှာ တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးရဲဘော်တွေက အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး စောကော်ကတော့ “မိဘပြည်သူတွေ ကိုယ့်သားလူငယ်ရွယ်တွေရှိရင် ပစ(ပြည်သူ့စစ်)ထဲ ပါမသွားစေရန် အထူးဂရုပြုစေချင်ပါတယ်။ ခုတက်လာတဲ့ပစတွေ ကြောင်တောင်တောင်တေ ဆေးကြွေးပြီးရှေ့ကိုလွတ်တင်တယ်လို့ယူဆရပါတယ်။ စိတ်မကောင်းစွာနဲ့ ကိုယ်ဘက်က ကိုင်ထုတ်လိုက်တာများပါတယ်”လို့ စက်တင်ဘာ ၂၃ရက် တိုက်ပွဲအပြီးမှာ သူရဲ့ လူမှုကွန်ရက်ကနေ ရေးသားအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook