သတင်း စစ်မှုထမ်းတပ်သားသစ် ၃ဦး KNLA တပ်ရင်း(၈)ထံ အလင်းဝင် အာဏာသိမ်းစစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားတဲ့ တပ်သားသစ် ၃ဦး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က နိုဝင်ဘာ ၁၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း ကနီကို စစ်တပ်က ဂျက််ဖိုက်တာနှစ်စီးနဲ့ ဗုံးထပ်ကြဲ၊ တောင်သူ ၁ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်ကောင်စီက ဒီနေ့(နိုဝင်ဘာ ၁၈ရက်)မှာ စစ်ကောင်စီကဂျက််ဖိုက်တာနှစ်စီးနဲ့လေကြောင်းကနေ ဗုံးကြဲလို့ အဒေသခံတောင်သူ တစ်ဦး ထပ်မံသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း နယ်စပ်နားမှာ ရွှေခိုးတူးနေတဲ့မြန်မာတွေကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်တွေပြော ထိုင်း-မြန်မာ နယ်စပ်နားက ထိုင်းပိုင်နက်ထဲ ရွှေခိုးတူးနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း ဖားကန့်မှာ ဒေသခံတွေ ကျောက်တူးတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့(နိုဝင်ဘာ ၁၈ရက်) နေ့ခင်းပိုင်းမှာ ဒေသခံတွေကျောက်တူးနေကြတဲ့နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း ထိုးစစ်ဆင်လာတဲ့စစ်တပ်ကို ချင်းပူးပေါင်းတပ် တိုက်ခိုက် ဗိုလ်မှူးအပါအဝင် သေဆုံးမှုများ၊လက်နက်များသိမ်းရဟု ချင်းပြည်ကောင်စီ ထုတ်ပြန် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်တပ်အကြား နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့(နိုဝင်ဘာ ၁၈ရက်)မှာ ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း သာစည်ရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၄ ဦး သေဟုဆို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၄ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း နတ်မောက်မှာ စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၃ဦးသေဆုံး မကွေးတိုင်း၊ နတ်မောက်မြို့နယ်အနောက်ခြမ်းက ကြက်သောက်တွင်းကျေးရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း စစ်တပ်လုပ်တဲ့ပွဲတွေ တက်လေ့ရှိတဲ့အဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ပဒိုရွှေမောင်းကို KNUထုတ်ပယ် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ KNUဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ကို အဖွဲ့က ထုတ်ပယ်လိုက်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အတည်ပြုပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
နိုင်ငံတကာ တရုတ်နဲ့ ဆက်ဆံရေး တင်းမာမှုတွေကို ဖြေလျှော့စေဖို့ ဘေဂျင်းကို ဂျပန်ကိုယ်စားလှယ်အဖွဲ့ စေလွှတ် တရုတ်နဲ့ နှစ်ဖက် ဆက်ဆံရေး တင်းမာနေမှုတွေကို ဖြေလျှော့ဖို့ ရည်ရွယ်ပြီး ဂျပန်ဟာ သံတမန်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦးကို ဘေဂျင်းမြို့ဆီ စေလွှတ်ခဲ့ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း ဗဟိုရဲ့ရပ်တည်ချက်အတိုင်း စစ်တပ် ရွေးကောက်ပွဲကို ခွင့်မပြုကြောင်းKNUတပ်မဟာ(၁) ကြေညာ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုရဲ့ ရပ်တည်ချက်နဲ့အညီ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ KNU ဒူးသထူခရိုင်(သထုံခရိုင်)က ဒီကနေ့ နိုဝင်ဘာ ၁၈ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025